ရက်ဖို့ဒ်ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲ တစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်တဲ့ မိုက်ကယ်အိုဝင် …..

မန်ယူအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ် မှူးဟောင်း မိုက်ကယ်အိုဝင်က ရှက်ဖီးယူနိုက်တက်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ မန်ယူအသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ လက်ရှိကမ္ဘာ့အကောင်းတိုက်စစ်မှူးတွေထဲတစ်ဦး အပါအဝင်ဖြစ် တယ်လို့ ချီးကျူးခဲ့ပါတယ်။


မန်ယူအသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇ ယားမှာ အဆင့် ၆နေရာအထိတက်လှမ်းလာနိုင်ခဲ့ပြီး ထိပ်ဆုံးမှာဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ လည်း ၅မှတ်သာ ကွာဟပါတော့တယ်။ အသက် ၂၃နှစ်သာရှိသေးတဲ့ ရက်ဖို့ဒ်အတွက်တော့ ဒီရာသီမှာ လိဂ်ဂိုး ၅ဂိုးမြောက်သွင်းယူ နိုင်ခဲ့တာဖြစ်သလို သူ့အနေနဲ့ အသင်းအတွက်ပြိုင်ပွဲစုံမှာလည်း သွင်းဂိုး ၁၂ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်က ” ဒီပွဲမှာ သူ့ရဲ့ရွေ့လျားကစားဟန်က လုံးဝအပြစ်ပြောစရာမရှိခဲ့ဘူး။ သူဟာ မန်ယူအသင်းမှာတော့ ပြိုင်ဘက်အသင်းတွေ အမြဲသတိထားကြောက်ရွံ့ရမယ့် ကစား သမားပါပဲ။ ဒီပွဲက ခြေစွမ်းကိုသုံးသပ်ရမယ်ဆို ရင် သူဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအပါဝင်ဖြစ်တယ် ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်” လို့ ချီး ကျူးခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီနိုင်ပွဲကြောင့် အဝေးကွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်ဆဲဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဝေးကွင်းမှာဦးဆောင်ဂိုးပေးရပြီး ၆ပွဲဆက် နိုင်ပွဲရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*