လမ်းပတ်နေရာအစားဝင်ဖို့ ရေပန်းစားတဲ့နည်းပြစာရင်းမှာ တူချယ်လ်၊ အယ်လီဂရီတို့ကိုကျော်ပြီး ထိပ်ဆုံးရောက်လာတဲ့ ရှက်ဗ်ချင်ကို

ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ်ဟာ လက်စတာကိုရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခံရဖို့ ပိုမိုနီးစပ်လာပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြလျက်ရှိပါတယ်။ လက်ရှိမှာဗြိတိန်လောင်းကစားဝက်ဘ်ဆိုက်တွေက လမ်းပတ်နေရာအစားဝင်မယ့်နည်းပြသစ်ကို လောင်းကြေးဖွင့်နေကြပြီဖြစ်ပါတယ်။

Betfair လောင်းကစားဝက်ဘ်ဆိုက်ရဲ့ ရေပန်းစားသူစာရင်းမှာတော့ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ရှက်ဗ်ချင်ကိုဟာ တူချယ်လ်၊ အယ်လီဂရီတို့လို ဝါရင့်နည်းပြတွေကိုကျော်ပြီး ထိပ်ဆုံးနေရာ ရောက်ရှိလာပါတယ်။

ယူကရိန်းအသင်းနည်းပြ ရှက်ဗ်ချင်ကိုဟာ ပြီးခဲ့တဲ့ ၄၈နာရီအတွင်းက ၆၆:၁ လေးသာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၉း၅လေးနဲ့ ထိပ်ဆုံးရောက်လာတာပါ။ ရှက်ဗ်ချင်ကိုဟာ အသင်းပိုင်ရှင် အေဘရာမိုဗစ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသလို ယူကရိန်းအသင်းကိုလည်း နာမည်ကြီးပေါ်တူဂီကိုကျော်ကာ အုပ်စုပထမနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးထားပါတယ်။

ရှက်ဗ်ချင်ကိုရဲ့နောက်မှာ PSG နည်းပြဟောင်း တူချယ်လ်၊ ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီတို့က ၇း၂ လေးစီနဲ့ ပူးတွဲရပ်တည်နေပြီး နာဂယ်စ်မန်း(လိုက်ပ်ဇစ်)နဲ့ ရော်ဂျာစ်(လက်စတာ)တို့ကို ၁၅း၂ စီ အလေးပေးထားပါတယ်။

သူတို့နောက်မှာ ရန်းနစ်(လိုက်ပ်ဇစ်နည်းပြဟောင်း)၊ ဒက်ချမ့်(ပြင်သစ်အသင်း)၊ ဟက်ဆန်ဟတ်(ဆောက်သမ်တန်)၊ မက်ခီလီလီ(ချယ်လ်ဆီးအသင်းနည်းစနစ်အကြံပေး)တို့က အစဉ်လိုက် ရေပန်းစားနေပါတယ်။

ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားသူများ

=============================

ရှက်ဗ်ချင်ကို -၉း၅

တူချယ်လ်-၇း၂

အယ်လီဂရီ-၇း၂

နာဂယ်စ်မန်း- ၁၅း၂

ရော်ဂျာစ်-၁၅း၂

ရန်းနစ်-၁၀း၁

ဒက်ချမ့်-၁၂း၁

ဟက်ဆန်ဟတ်-၁၂း၁

မက်ခီလီလီ-၁၆း၁

Ref- The Sun

Be the first to comment

Leave a Reply

Your email address will not be published.


*