မန်ယူအသင်းကနေ ထွက်ခွာဖို့နီးစပ်လာပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား မာတာ

ကွင်းလယ်ကစားသမား မာတာရဲ့စာချုပ်သက်တမ်းဟာ မန်ယူအသင်းနဲ့ ကုန်ဆုံးဖို့နီးစပ်လာပါပြီ။ မာတာဟာ ဆိုးလ်ရှားလက်ထက် အသင်းမှာအရေးပါမှု တဖြည်းဖြည်း မှေးမှိန်လာပြီး စာချုပ်သက်တမ်းကလည်း ၆ လ သာ ကျန်ရှိတော့ပါတယ်။

မန်ယူအသင်းဟာ မာတာကို တစ်နှစ် စာချုပ်သက်တမ်းထပ်တိုးနိုင်ပေမယ့်လည်း အသင်းက အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ထပ်တိုးမယ့်ပုံတော့ မရှိတော့ပါဘူး။

မာတာဟာ ဒီရာသီမှာ ၆ ပွဲသာ ပွဲထွက်ခွင့်ရထားပြီး မန်ယူအသင်းရဲ့ ညာတောင်ပံအတွက် အရံအနေနဲ့သာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဆိုးလ်ရှားက “မာတာနဲ့ပတ်သက်လာတဲ့အချိန်တိုင်း ဆုံးဖြတ်ရ အမြဲခက်ခဲပါတယ်။ သူ့မှာ အရည်အသွေးကောင်းရှိတယ်။ တကယ်လို့ သူကစားရရင် ဂိုးသွင်းနိုင်တယ်။ အသင်းအတွက် ဒီရာသီမှာ အထောက်အကူအများကြီး ဖြစ်ပါတယ်။”လို့ ပြောသွားပါတယ်။

MANCHESTER, ENGLAND – NOVEMBER 21: Juan Mata of Manchester United looks on during the Premier League match between Manchester United and West Bromwich Albion at Old Trafford on November 21, 2020 in Manchester, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Martin Rickett – Pool/Getty Images)

“ထပ်ပြီးပြောရရင် အသင်းမှာ သူ့နေရာကစားနေတဲ့ ဂရင်းဝုဒ်နဲ့ ပေါ့ဂ်ဘာတို့ နှစ်ယောက်ရှိပါသေးတယ်။ သူတို့နှစ်ယောက်စလုံးလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ကြပါတယ်။ အဲ့တော့ ကျွန်တော် အမြဲတမ်း ဆွေးနွေးရတဲ့ အများကြီးထဲက တစ်ခုပေါ့။ သူ့ကို ချန်ခဲ့ရမှာ ခက်ခဲပေမယ့် ကံမကောင်းစွာဘဲ ကစားတဲ့ ပွဲစဥ်တွေမှာ သူမပါရဘူး။ အဲ့တော့ သူအသင်းမှာ ဆက်ရှိမရှိဆိုတာ အခုထိတော့ မဆုံးဖြတ်ရသေးဘူးပေါ့” လို့ ပြောသွားပါတယ်။

မာတာဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၆၀,၀၀၀ ရနေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က အတ္တလန္တာကနေ လူငယ်တောင်ပံကစားသမား တစ်ယောက်ကို ခေါ်ယူထားတာကြောင့် မာတာအသင်းမှာဆက်ရှိဖို့က ရာနှုန်းအရမ်းနည်းသွားပါတယ်။

Ref: mirror

Be the first to comment

Leave a Reply

Your email address will not be published.


*