လီဗာပူးလ်၊ မန်ယူနဲ့ စပါးအကြောင်းတွေ ပြောပါစေ ကျွန်တော်တို့တော့ နောက်ကွယ်ကနေ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်ဆိုတဲ့ မက်ဒီဆင်

ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်က လက်စတာအသင်းအနေနဲ့ နောက်ကွယ်ကနေပျော်ပျော်ရွှင်ရွှင်ပဲ ကစားစရာရှိတာ ဆက်ကစားသွားမယ်လို့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်နိုင်ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကို လက်စတာတို့ အိမ်ကွင်းမှာ (၂-၀)ဂိုးနဲ့ အနိုင်ရသွားပြီး အသင်းရဲ့ ဒုတိယဂိုးကို မက်ဒီဆင်က သွင်းယူပေးခဲ့တာပါတယ်။

အဲ့ဒီနိုင်ပွဲကြောင့် ဇယားထိပ် အဆင့် ၁ ကိုရောက်သွားပြီး မန်ယူအသင်းကို ၁ မှတ်၊ မန်စီးတီးအသင်းကို ၃ မှတ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကို ၄ မှတ် အသီးသီး ဖြတ်ထားနိုင်ခဲ့ပါတယ်။

၂၀၁၅-၁၆ ရာသီမှာ လက်စတာတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလား ရယူထားနိုင်ပြီး အခုဘရန်ဒန်ရော်ဂျာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလား စိန်ခေါ်တဲ့အသင်းဖြစ်လာပြီလားဆိုတဲ့အပေါ် မက်ဒီဆင်က ငြင်းဆိုသွားခဲ့ပြီး အသင်းသားတွေအားလုံး သူတို့ကစားနေတဲ့အပေါ် ပျော်ရွှင်နေကြပါတယ်လို့ ပြောသွားပါတယ်။

“ကျွန်တော်တို့က ခဏအာရုံစိုက်ခံရတာပါ။ ဇယားထိပ် အဆင့် ၁ ကို ခဏလေးရောက်တာဖြစ်လို့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်တဲ့အသင်းဖြစ်ပြီလို့ မသတ်မှတ်ပါဘူး။ အရေးကြီးဆုံးက နောက်ကစားရမယ့် ပွဲစဥ်ကို ကျွန်တော်တို့ ကန်နေကြအတိုင်းပဲ ကစားသွားပါမယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။”လို့ ပြောသွားပါတယ်။

“ကျွန်တော်တို့ ဇယားထိပ်ဆုံးကို တက်လာနိုင်တာ အားလုံး ကြိုးစားကြလို့ပါတယ်။ ကံကောင်းပြီး ရောက်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်စရာရှိတာတွေကို နောက်ကွယ်ကနေပဲလုပ်သွားမယ်။ တခြားသူတွေ မန်ယူ၊ လီဗာပူးလ်နဲ့ စပါးအကြောင်းတွေ ပြောပါစေ။ ကျွန်တော်တို့တော့ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်။” လို့  ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*