
ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒေးဗစ်အလာဘာဟာ လာမယ့်နွေရာသီမှာ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။
သြစတြီးယားလက်ရွေးစင်နောက်ခံလူ အလာဘာ(၂၈နှစ်)ဟာ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဂျာမန်ထိပ်သီးကလပ်နဲ့ ၁၃နှစ် ကြာကစားသမားဘဝလည်း အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အလာဘာကို ဆေးစစ်မှုအောင်မြင်ခဲ့ပြီးနောက် အကြိုသဘောတူ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အလာဘာအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာ အခွန်ဆောင်ပြီး တစ်ပတ်ပေါင် ၂၀၄,၀၀၀ ရရှိမယ့် ၄နှစ်စာချုပ်ကို မကြာမီချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
အလာဘာကိုခေါ်ယူဖို့သဘောတူညီမှုရခဲ့တာဟာ ဝါရင့်နောက်ခံလူ ရာမို့စ်ရဲ့အနာဂတ်နဲ့ ပတ်သက်မှုမရှိဘဲ ရီးယဲလ်အသင်းခေါင်းဆောင်ဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် အသင်းနဲ့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ရက်ပစ်ဝီယန်အကယ်ဒမီကနေ ဘိုင်ယန်မြူးနစ်အသင်းဆီရောက်ရှိလာတဲ့ အလာဘာဟာ အသင်းနဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု ၉ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ကြိမ်အပါအဝင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပါတယ်။
Ref: irishtimes
Leave a Reply