ဆန်ချိုကို ပူလီဆစ်အပြောင်းအရွှေ့လိုပုံစံမျိုးနဲ့ မန်ယူအသင်းခေါ်ယူလိမ့်မယ်လို့ ဂျာမန်နာမည်ကျော် အားကစားကလောင်ရှင် သုံးသပ်

မန်ယူအသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ပူလီဆစ်အပြောင်းအရွှေ့လိုပုံစံမျိုး ခေါ်ယူလိမ့်မယ်လို့ ဂျာမန်နာမည်ကျော်အားကစားကလောင်ရှင် ရာဖေးလ်ဟိုနစ်စတိန်းက Sky Sports နဲ့ တွေ့ဆုံရာမှာ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၂၀၁၉ခုနှစ်က ဒေါ့မွန်တောင်ပံကစားသမား ပူလီဆစ်ကိုခေါ်ယူခဲ့ရာမှာ ဇန်နဝါရီအပြောင်းအရွှေ့မှာ သဘောတူညီမှုရယူခဲ့ပြီးနောက် နွေရာသီမှာမှ အပြီးသတ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီဇန်နဝါရီမှာ ဆန်ချိုကိုလက်မလွတ်ချင်တာကြောင့် မန်ယူအသင်းအနေနဲ့ ဥရောပ ထိပ်တန်းကလပ်တွေစိတ်ဝင်စားနေတဲ့ ဆန်ချိုကို ကြိုတင်သဘောတူညီမှုရယူထားလိမ့်မယ်လို့ ဟိုနစ်စတိန်းက သုံးသပ်ခဲ့ပါတယ်။

ဟိုနစ်စတိန်းက “ဒေါ့မွန်အသင်းမှာရှိတဲ့သူတိုင်းက ဒီဇန်နဝါရီမှာ ဘယ်ကစားသမားမှ အသင်းပြောင်းမှာ မဟုတ်ဘူးဆိုတာ သိထားကြပါတယ်။ ဒါက လုံးဝသေချာပါတယ်။ ဒေါမွန်အသင်းဟာ နွေရာသီရောက်မှသာ အပြောင်းအရွှေ့ကိစ္စတွေကို အဓိကလုပ်ဆောင်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်လောက်က ကြီးကျယ်တဲ့ အပြောင်းအရွှေ့တစ်ခု ဇန်နဝါရီမှာ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါက ချယ်လ်ဆီးကို ပူလီဆစ်ပြောင်းတာဖြစ်ပြီး သူ့စာချုပ်က နွေရာသီအတွက် စာချုပ်ဖြစ်ပါတယ်။ အခုလည်း မန်ယူအသင်းသာ အဲဒီလို ကမ်းလှမ်းလာမယ်ဆိုရင် ဘယ်သူမှတားဆီးနိုင်မှာမဟုတ်ပါဘူး။ ဒီလကုန်ခါနီးလောက်မှာ သူ့အပြောင်းအရွှေ့ကို ကလပ်တွေဘက်က တရားဝင်ထုတ်ပြန်လာနိုင်တယ်လို့တောင် ထင်ပါတယ်။ ဒါက အတော့်ကိုဖြစ်နိုင်ချေရှိပါတယ်” လို့ ဆိုခဲ့တယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဆန်ချိုကိုခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် အသေးစိတ် အချက်အလက်တချို့ သဘောတူညီမှုမရခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုကလည်း ပရီးမီးယားလိဂ်မှာကစားဖို့ဆန္ဒရှိနေတာကြောင့် ဟိုနစ်စတိန်းပြောသလို အပြောင်းအရွှေ့ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Ref: caughtoffside

Be the first to comment

Leave a Reply

Your email address will not be published.


*