
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အခု ဆောင်းရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
ရာသီအစ အသင်းခြေစွမ်းပိုင်းမတည်ငြိမ်ခဲ့ပေမယ့် အခု ရက်သတ္တတွေမှာတော့ ပရီးမီးယားလိဂ် ၅ ပွဲဆက် အနိုင်ရခဲ့ပြီး ဇယားထိပ် အဆင့် ၂ နေရာထိ ရောက်ရှိလာပြီဖြစ်ပါတယ်။
တိုးတက်လာတဲ့ မန်စီးတီးအသင်းရဲ့ စွမ်းဆောင်မှုက ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ ကရာဘောင်းဖလား ပြိုင်ပွဲမှာလည်း ဖိုင်နယ်ရောက်အောင် စွမ်းဆောင်ထားပြီး ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဂွါဒီယိုလာအသင်းရဲ့ ပြောရမယ့်အားနည်းချက်ကတော့ ရှေ့တန်းတိုက်စစ်မှူးနေရာပဲဖြစ်ပါတယ်။ အသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ အဂွဲရိုးနဲ့ ဂါဘရီရယ်ဂျီးဆပ်စ်တို့ဟာ ဒဏ်ရာပြဿနာတွေနဲ့ ကိုဗစ်ရိုက်ခတ်မှုတွေကြောင့် ပွဲတော်တော်များများ လွဲချော်ခဲ့ကြပါတယ်။
စီနီယာတိုက်စစ် အရံကစားသမားလည်း မရှိတာကြောင့် ဂွါဒီယိုလာဟာ တောင်ပံကစားသမားဖြစ်တဲ့ ဖာရန်တောရက်စ်ကို တိုက်စစ်ပို့ပြီး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဒီဘရိုင်းနားနဲ့ စတာလင်းကိုလည်း တိုက်စစ်နောက်ချန်နေရာမှာ ကစားခိုင်းခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဂွါဒီယိုလာက “ကျွန်တော်တို့ ဒီဆောင်းရာသီအပြောင်းအရွှေ့မှာ ဘယ်သူကို့မှ ခေါ်ယူသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့အသင်းမှာ ရှိတဲ့ကစားသမားတွေနဲ့ပဲ ရာသီကုန်တဲ့အထိ ကစားသွားမှာပါ။”လို့ beIN Sports ကို ပြောသွားပါတယ်။
မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ အဂွဲရိုးက ဒဏ်ရာနဲ့ ရုန်းကန်နေရပြီး ဂျီးဆပ်စ်ကတော့ ကိုဗစ်ကူးစက်မှုကြောင့် ပါဝင်ခွင့်မရသေးပါဘူး။
Ref: dailymail
Leave a Reply