
ဆောက်သမ်တန်အသင်းဟာ တိုက်စစ်မှူး ဒန်နီအင့်ဂ်ရဲ့ လုပ်ခလစာပေးချေဖို့ ရုန်းကန်နေရတာကြောင့် ရောင်းချသွားနိုင်တယ်လို့ နည်းပြ ဟက်ဆင်ဟော့တီက ဝန်ခံခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အင့်ဂ်ရဲ့ စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင် ၇၅,၀၀၀ ရရှိနေပြီး လာမယ့် ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အသင်းကလည်း ခြေစွမ်းပြကစားနေတဲ့ အင့်ဂ်ကို စာချုပ်တက်သမ်းထပ်တိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။
နည်းပြ ဟက်ဆင်ဟော့တီကတော့ အင့်ဂ်ကို အသင်းမှာ ဆက်ရှိနေစေချင်ပေမယ့် တကယ်လို့ သူတို့စာချုပ်ချုပ်ဖို့ ညှိနှိုင်းလို့အဆင်မပြေရင်လည်း ကျွန်တော်တို့ ဆက်သွားကြရပါမယ် လို့ ပြောသွားပါတယ်။
“ကလပ်အသင်းတိုင်း ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခြေအနေကို ကျွန်တော်တို့လည်း ရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့ ကလပ်အသင်းကို ဆက်လက်ရှင်သန်နိုင်ဖို့အတွက် လုပ်ဆောင်ရမှာဖြစ်ပြီး ဒါဟာ အင့်ဂ်တစ်ယောက်တည်းအတွက် ပြောနေတာမဟုတ်ပါဘူး။ တခြားကစားသမားတွေလည်း စာချုပ်သက်တမ်းတိုးချင်နေကြတာပါ။” လို့ပြောသွားပါတယ်။
“ကျွန်တော်တို့ မျှော်လင့်သလို အနာဂတ်မှာ မပေးချေနိုင်ဘူးဆိုရင် ဒီထက်ပိုပြီး သက်သာတဲ့သူကို ရှာရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ သိပါတယ် ဒါက နှစ်ဦးနှစ်ဖက် အဆင်ပြေဆုံး နည်းလမ်းပါပဲ။ ” လို့ပြောသွားပါတယ်။
အင့်ဂ်ဟာ ဒီရာသီ ဆောက်သမ်တန်အသင်းအတွက် ၁၃ ပွဲကစားထားရာမှာ ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။ မနှစ်က ဘောလုံးရာသီမှာ ဆောက်သမ်တန်အသင်းရဲ့ အများဆုံးဂိုးသွင်းသူအဖြစ် ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ref : dailymail
Leave a Reply