မိမိအနေနဲ့ လီဗာပူးလ်အသင်းမှာ တတ်နိုင်သမျှ ကြာကြာနေချင်ပေမယ့် အသင်းကသာ ဆုံးဖြတ်နိုင်တဲ့အရာ ဖြစ်တယ်လို့ ဆာလာ ဖွင့်ဟ

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာက မိမိအနေနဲ့ လီဗာပူးလ်မှာ တတ်နိုင်သမျှ ကြာကြာနေချင်ပေမယ့် အသင်းကသာ ဆုံးဖြတ်နိုင်တဲ့အရာဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီမှာ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို အနာဂတ်မှာပြောင်းရွှေ့ကစားချင်တယ်လို့ ပြောဆိုခဲ့သလို လီဗာပူးလ်အသင်းနဲ့လည်း စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာလည်း ရှိပါတယ်။

မန်ယူအသင်းနဲ့ဂိုးမရှိသရေကျပြီးနောက် ဆာလာအနေနဲ့ လက်ရှိစာချုပ် ၂နှစ်ခွဲကာလထက် အသင်းမှာ ဆက်ရှိနိုင်သလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

ဆာလာက “ကျွန်တော် မသိပါဘူး။ ခင်ဗျားက ဒါကိုမေးတဲ့အတွက် ကျွန်တော်ပြောနိုင်တာကတော့ အသင်းမှာ တတ်နိုင်သမျှကြာကြာဆက်ရှိချင်ပါတယ်။ ဒါပေမဲ့ အရင်ကလည်း ကျွန်တော်ပြောဖူးပါတယ်။ ဒီကိစ္စက အသင်းရဲ့လက်ထဲမှာပဲ ရှိပါတယ်” လို့ ဖြေကြားခဲ့တယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိမှာထိပ်ဆုံးက မန်ယူအသင်းနဲ့ ၃မှတ်ကွာဟနေပြီး ဗဟိုနောက်ခံလူတွေ ဒဏ်ရာရနေတာကြောင့် နောက်ဆုံးလိဂ်ပွဲစဉ် ၂ပွဲမှာ ကွင်းလယ်လူတွေကို ဗဟို ခံစစ်မှာထားပြီး ကစားခဲ့ရပါတယ်။

ဒါ့အပြင် အသင်းတိုက်စစ်ကလည်း လိဂ်နောက်ဆုံး ၃ပွဲ ဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။ ဆက်လက်ပြီး ဆာလာက “ကျွန်တော်တို့ဟာ ရာသီအစကို ကောင်းမွန်စွာစတင်နိုင်ခဲ့ပေမယ့် ကံမကောင်းစွာပဲ နောက်ပိုင်းကစားတဲ့ပွဲတွေမှာ အနိုင်ရဖို့ မလုံလောက်ခဲ့ဘူး။ ဒါပေမဲ့ အခုထက်ပိုကောင်းအောင် ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေရှိတယ်။ ဒီအခြေအနေကို စောဒကမတက်လိုပါဘူး။ ဒါက ကျွန်တော်တို့ကို ပိုကောင်းအောင်တွန်းအားပေးပါလိမ့်မယ်” လို့ ပြောဆိုခဲ့တယ်။

လီဗာပူးလ်အသင်းဟာ လာမယ့်ကြာသပတေးညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

Ref: Independent.ie

Be the first to comment

Leave a Reply

Your email address will not be published.


*