
နယူးကာဆယ်ကို (၃-၀)ဂိုးနဲ့ အာဆင်နယ်တို့ အနိုင်ရတဲ့ပွဲစဥ်အပြီး ကွင်းလယ်ကစားသမား သောမတ်စ်ပါတီရဲ့ စွမ်းဆောင်ရည်အပေါ် ပျော်ရွှင်ခဲ့ပါတယ်လို့ နည်းပြအာတီတာ ပြောကြားလိုက်ပါတယ်။
ဂါနာနိုင်ငံသား သောမတ်စ်ပါတီဟာ ဒီဇင်ဘာ ၆ ရက်နေ့ စပါးအသင်းနဲ့ကစားတဲ့ပွဲစဥ်ကတည်းက ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး အခုပွဲစဥ်မှာ ပထမဆုံး ပြန်ကစားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲစဥ်ကိုတော့ လူစားလဲကစားသမားအဖြစ် ခဏဝင်ကစားခဲ့ရပြီး အခုနယူးကာဆယ်နဲ့ပွဲစဥ်မှာ ၆၆ မိနစ်သာ ပါဝင်ကစားခဲ့ပါတယ်။
သောမတ်စ်ပါတီရဲ့ စွမ်းဆောင်ရည်ကို အာတီတာက သဘောကျခဲ့ပေမယ့်လည်း ဒဏ်ရာပြန်လည် သက်သာခါစ ဖြစ်တာကြောင့် အချိန်ပြည့်ပွဲထွက်စားခိုင်းဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“အရမ်းပျော်ပါတယ်။ တစ်ပွဲပြီးတစ်ပွဲ သူပိုပိုကောင်းလာပါတယ်။”လို့ သော်မတ်ပါတီရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး Sky Sports ကိုပြောသွားပါတယ်။
“သူက အသင်းပေါ်သက်ရောက်အများကြီးရှိခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို တခြားကစားသမားတွေနဲ့ မတူညီတဲ့အရာတွေ ပေးနိုင်ပါတယ်။ ဆက်လက်ပြီးတော့လည်း သူ့ကို ကျွန်တော်တို့ ဒဏ်ရာမရအောင် ဆောင်ရွက်ရမယ်။ ရှေ့မှာလည်း ဒဏ်ရာပြဿနာကြောင့် လတချို့ အနားယူထားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပျော်ရွှင်ကြပါတယ်။” လို့ပြောသွားပါတယ်။
အဲ့ဒီပွဲစဥ်မှာ တိုက်စစ်မှူး အောဘာမီယန်းက ၂ လုံးသွင်းယူနိုင်ခဲ့တဲ့အပေါ် အာတီတာက “သူ ပထမပိုင်းမှာ အခွင့်အရေး ၂ ခါ ဒါမှမဟုတ် ၃ ခါလောက်ကနေကြိုးစားသွင်းယူသေးတယ် ဂိုးတော့မရခဲ့ဘူးပေါ့။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အဲ့ဒါက သူ့ရဲ့ယုံကြည်မှုအတွက် အားဖြစ်စေမယ်လို့ ကျွန်တော်ထင်ပါတယ်။”လို့ ပြောသွားပါတယ်။
ရာသီဝက်မတိုင်ခင်လောက်က အာဆင်နယ်ဟာ တန်းဆင်းဇုန်နားမှာ အတော်ရုန်းကန်ခဲ့ရပြီး ယခုနောက်ပိုင်း နိုင်ပွဲတွေကြောင့် အဆင့် ၁၀ အထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။
Ref: goal.com
Leave a Reply