
ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ ဂိုးပေါက် ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး တီမိုဝါနာနဲ့ အနီးကပ် အလုပ်တွဲလုပ်ဖို့ လိုအပ်ပြီလို့ ဝန်ခံသွားခဲ့ပြီး တောရက်စ်နဲ့ နှုန်းယှဉ်မှုဟာ စောလွန်းပါသေးတယ်လို့ ပြောသွားပါတယ်။
ပေါင် ၅၃ သန်းနဲ့ ရောက်ရှိလာတဲ့ တီမိုဝါနာဟာ ပရီးမီးယားလိဂ်မှာ နိုဝင်ဘာ၇ ရက်နေ့ကတည်းက ဂိုးပေါက်ပျောက်ဆုံးနေပြီး စနေနေ့က လူစားလဲအဖြစ် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာလည်း အဖြစ်ဆိုးကရုန်းထွက်ဖို့ လွဲချော်ခဲ့ပြန်တယ်။
နည်းပြလမ်းပတ်က ဝါနာနဲ့အတူ အနီးကပ် အလုပ်လုပ်ဖို့နဲ့ သူ့ရဲ့ ယုံကြည်ချက်ပျောက်ဆုံးနေတာတွေ ပြန်ရလာအောင် လုပ်ပေးဖို့လိုအပ်တယ်လို့ ပြောသွားပါတယ်။
“ကစားသမားတွေအားလုံး သူတို့ရဲ့ကစားသမားဘဝကနေ ဒီလိုဟာတွေ ကြုံတွေ့ရမှာပါ။ အားလုံးက စောင့်ကြည့်နေပြီး ပြောစရာဖြစ်လာပါတယ်။ ကျွန်တော်သူနဲ့အတူ အနီးကပ် အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။” လို့ ပြောသွားပါတယ်။
တောရက်စ်နဲ့ နှုန်းယှဉ်နေတဲ့အပေါ် ” ကျွန်တော် သူ့ကို ဘယ်သူ့နဲ့မှ နှိုင်းယှဉ်သွားမှာ မဟုတ်ပါဘူး။ လူတိုင်းက မတူကြဘူး။ တောရက်စ်က ဒီမှာ ရုန်းကန်ရပေမယ့် ချန်ပီယံလိဂ်ဖလား ယူပေးနိုင်ခဲ့တယ်။”
“ကျွန်တော်လုပ်ရမယ့် အရာကတော့ ပတ်ဝန်းကျင်ကောင်းဖန်တီးပြီး သူ့ဆီကနေ အကောင်းဆုံးရလဒ်တွေ ထွက်လာအောင်လုပ်ရမှာပါ။သူလည်း သူ့အလုပ်သူ အာရုံစိုက်ပြီး ထပ်ခါထပ်ခါ ပြုလုပ်သွားရမယ်။ ကျွန်တော်လည်း သူ့ကို အကောင်းမြင်စိတ်ထားပေးဖို့ လိုတယ်။” လို့ပြောသွားပါတယ်။
ဝါနာဟာ ချဲလ်ဆီးအတွက် ၂၆ ပွဲကစားထားပြီး ၉ ဂိုးသွင်းထားပေမယ့် ပရီးမီးယားလိဂ်ဂိုးကတော့ ၄ ဂိုးသာ ပါဝင်ပါတယ်။
Ref : dailymail
Leave a Reply