
အင်္ဂလန်လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြ ဖီးလ်နဗီးလ်ဟာ အသင်းကနေနုတ်ထွက်ခဲ့တဲ့နေ့မှာပဲ မန်ယူအသင်းဖော်ဟောင်း ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းနည်းပြ ဖြစ်လာခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်းဖီးလ်နဗီးလ်ဟာ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အင်တာမိုင်ယာမီအသင်းဆီက ကမ်းလှမ်းမှုရရှိခဲ့ပြီးနောက် စာချုပ်သက်တမ်းမကုန်မီ အင်္ဂလန်အမျိုးသမီးအသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
အင်တာမိုင်ယာမီနည်းပြအဖြစ်ခန့်အပ်ခံရပြီးနောက် ဖီးလ်နဗီးလ်က “အင်တာမိုင်ယာမီ အသင်းနည်းပြအဖြစ် ခန့်အပ်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီကလပ်က သက်တမ်းအားဖြင့်နုနယ်သေးပေမယ့် အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းပါ။ အောင် မြင်မှုတွေရရှိလာဖို့အတွက် အားလုံးနဲ့ပူးပေါင်း လုပ်ဆောင်သွားမှာပါ” လို့ ဆိုခဲ့တယ်။
အင်တာမိုင်ယာမီအသင်းပူးတွဲပိုင်ရှင် ဘက်ခမ်းကလည်း “အသင်းကိုဦးဆောင်မယ့်သူတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပ်အားရမိပါတယ်။ မန်ယူအကယ်ဒမီမှာ ဆယ်ကျော်သက်ကစားသမားဘဝတည်းက ဖီးလ်ကိုကျွန်တော်သိခဲ့တာပါ။ သူနဲ့ဘောလုံးအတွေးအမြင်တွေအမြဲဖလှယ်ခဲ့ကြပါတယ်။ အသင်းမှာ သူ့ကို ခန့်အပ်ဖို့ အလိုရှိခဲ့တာကြာပါပြီ။ ဒီအချိန်ဟာ သူ့အတွက် မှန်ကန်တဲ့အချိန်ရောက်ပြီလို့ ကျွန်တော်ထင်ပါတယ်” လို့ ချီးကျူးစကားဆိုခဲ့ တယ်။
မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက MLS ပလေးအော့ဖ်ဝင်ခွင့်မရ ခဲ့ပေမယ့် ရာသီသစ်အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။
Ref:The Guardian
Leave a Reply