အင်တာနဲ့ ရှုံးပွဲအပြီး ဂျူဗင်တပ်ကစားသမားတွေကို ဝေဖန်သွားခဲ့တဲ့ နည်းပြ ပီယာလို

တနင်္ဂနွေညက ဂျူဗင်တပ်တို့ အဝေးကွင်းမှာ အင်တာကို (၂-၀)ဂိုးနဲ့ ရှုံးနိမ့်အပြီး နည်းပြ ပီယာလိုက ကစားသမားတွေတွကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အဲ့ဒီကစားပွဲမှာ အင်တာကွင်းလယ်လူ ဗီဒယ်လ်က အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး နောက်တစ်ဂိုးကိုတော့ ဒုတိယပိုင်းမှာ နီကိုလိုက ဆက်လက်သွင်းယူပေးခဲ့ပါတယ်။

အရှုံးရလဒ်ကြောင့် ဂျူဗင်တို့ အဆင့် ၅ ကို ရောက်သွားပြီး ဇယားထိပ်ဦးဆောင်နေတဲ့ အေစီ၊ အင်တာတို့နဲ့ ၇ မှတ်ကွာဟသွားခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြပီယာလိုက “ ဒါကတော်တော်ကို ဆိုးတဲ့ အရှုံးပဲ။ ကျွန်တော်တို့ ဒီထက်တောင် ပိုဆိုးရွားနိုင်သေးတယ်။ ဒါက မမျှော်လင့်ထားဘဲ ဖြစ်သွားတာပေါ့။ ဒါပေမယ့်လည်း လာမယ့် ဗုဒ္ဓဟူးနေ့မှာကစားမယ့် နာပိုလီနဲ့ ကိုပါဒယ်ရေးဖလားဖိုင်နယ်ပွဲစဥ်အတွက် ကျွန်တော်တို့ ခေါင်းတွေပြန်မော့ထားရမှာပါ။”လို့ Sky Sports ကို ပြောသွားပါတယ်။

“ကျွန်တော်တို့ ပွဲအစကတည်းက အယူအဆတွေမှားခဲ့ကြပါတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဘောလုံးအနိုင်ရအောင် လုပ်ချင်စိတ်မရှိရင် ဒါသာပိုခက်ခဲလာတာပေါ့။”

ကျွန်တော်တို့ ကွင်းထဲခြေမချခင်ကတည်းက အင်တာရဲ့ တိုက်စစ်ကစားပုံကို စိုးရိမ်စိတ်ဝင်နေပြီ။ အဲ့တော့ သူတို့တွေ တိုက်စစ်အရမ်းမဆင်ပေမယ့်လည်း ကျွန်တော်တို့စိတ်ထဲမှာ ခံစစ်ကစားဖို့ပဲ အာရုံစိုက်မိတော့တယ်။ အင်တာက လက်ဦးတွေရလာပြီး အဲ့လိုအခြေအနေကနေ အခွင့်အရေးတွေအမိအရ ဖန်တီးသွားနိုင်တာပေ့ါ။” လို့ ပြောသွားပါတယ်။

Ref: goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*