ကမ္ဘာ့ထိပ်တန်းအသင်းအနေနဲ့ ဂိုးဧရိယာကွက်ထဲအထိ မန်ယူတို့ပိတ်ဆို့ကစားပုံကို ကလော့ပ် ပေါက်ကွဲ

ပြီးခဲ့တဲ့ တနင်္ဂနွေညက ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီလို့ တင်စားထားကြတဲ့ လီဗာပူးလ်နဲ့ မန်ယူပွဲစဥ်မှာ ဂိုးမရှိသရေရလဒ်နဲ့ပြီးဆုံးခဲ့ပြီးနောက် မန်ယူရဲ့ ကစားကွက်နည်းဗျူဟာကို ဝေဖန်သွားခဲ့ပါတယ်။

အသင်းကြီး ထိပ်တိုက်တွေ့ဆုံတဲ့ပွဲကို ခံစစ်ကစားဟန်နဲ့ မန်ယူတို့ ချဥ်းကပ်ခဲ့တာကြောင့် ကလော့ပ်က ညည်းတွားခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ ပွဲထွက်ပြင်ဆင်ပုံကိုလည်း “ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးရင်ဆိုင်ရတဲ့ အရာပဲ”လို့ ပြောသွားပါတယ်။

ပွဲစဥ်တစ်လျှောက် မန်ယူရဲ့ ခံစစ်ကစားပုံကို လီဗာပူးလ်တို့ မဖောက်နိုင်ခဲ့ဘဲ ဂိုးမရှိသရေရလဒ်နဲ့ လီဗာပူးလ်တို့လည်း ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါတယ်။

ကလော့ပ်က “ ဘောလုံးလောကမှာ ကမ္ဘာပေါ်အဆိုးရွားဆုံး ရင်ဆိုင်ရတဲ့အရာကတော့ ခင်ဗျား ကမ္ဘာ့ထိပ်တန်း ကစားသမားတွေနဲ့ရင်ဆိုင်ရပြီး ဂိုးဧရိယာထဲ သူတို့ဆီမှာရှိသမျှအရာအားလုံးကို ခံစစ်ပိတ်ဆော့တာပဲ။ ပြီးရင် counter တိုက်စစ်ဆင်မယ်။ အဲ့ဒါက တော်တော်ကိုခက်ခဲတဲ့အရာဖြစ်ပြီး ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ” လို့ BBC Sports ကို ပြောကြားသွားပါတယ်။

ကလော့ပ်က ဆက်လက်ပြီး “ကျွန်တော်တို့ ကစားသွားတဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ထင်မထားအောင် ကောင်းခဲ့ပါတယ်။ အားလုံးက မကစားခင်မှာတော့ ယူနိုက်တက်ဟာ အမြင့်မှာပျံ့သန်းနေပြီး လီဗာပူးလ်ကတော့ ရုန်းကန်နေရတယ်လို့ ဆိုနေကြပေမယ့် ဒီလိုပုံစံမျိုးကစားသွားနိုင်ခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။”

“ကျွန်တော်တို့ ဒုတိယပိုင်းမှာ ဆက်ကြိုးစားကြသေးတယ်။ ဒါပေမယ့် ၉၅ မိနစ်လုံး ယူနိုက်တက်က ဘာမှမလုပ်ဘူးလို့ မဆိုလိုပါဘူး။ အထူးသဖြင့် counter တိုက်စစ်ဆင်တာတွေပေါ့။ ကစားပွဲမှာ သူတို့အခွင့်အရေးကောင်း ၂ ခါရခဲ့တယ်။  ဒုတိယပိုင်းမှာ ကျွန်တော်တို့လည်း အခွင့်အရေးရခဲ့တယ်လို့ ပြောရမှာပဲ။” လို့ ပြောသွားခဲ့ပါတယ်။

လာမယ့် FA ဖလားပွဲစဥ်မှာ မန်ယူနဲ့ လီဗာပူးလ်တို့ အိုးလ်ထရက်ဖို့ဒ်မှာ ထပ်မံယှဥ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*