အက်သလက်တီကို B အသင်းနဲ့အတူ နည်းပြဘဝ စတင်ပုံဖော်တော့မယ့် ဖာနန်ဒိုတောရက်စ်

အက်သလက်တီကိုနဲ့ စပိန်လက်ရွေးစင်အသင်းတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဟာ အက်သလက်တီကို Bအသင်းနဲ့အတူ နည်းပြဘဝကို စတင်ပုံဖော်တော့မယ်လို့ သိရပါတယ်။

အက်သလက်တီကို၊ လီဗာပူးလ်၊ ချယ်လ်ဆီးစတဲ့ အသင်းတွေမှာကစားခဲ့တဲ့ တောရက်စ်(၃၆နှစ်)ဟာ အက်သလက်တီကို B အသင်းမှာ နည်းပြတာဝန်ကိုရယူသွားမှာဖြစ်ပါတယ်။ တောရက်စ်ဟာ အက်သလက်တီကိုကနေ လီဗာပူးလ်၊ ချယ်လ်ဆီးတို့မှာကစားခဲ့ပြီးနောက် အက်သလက်တီကိုဆီ ပြန်ရောက်ခဲ့ပါတယ်။

အဲဒီကနေ သူဟာ ဂျပန်ကလပ် ဆာဂန်တိုဆူအသင်းကိုလာရောက်ကစားခဲ့ပြီး ၂၀၁၉ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့ပါတယ်။ တောရက်စ်ဟာ ၂၀၂၀ခုနှစ် စက်တင်ဘာလကတည်းက အက်သလက်တီကိုအသင်းမှာ နည်းပြ နေရာတစ်ခုရဖို့အတွက် လာရောက်ပူးပေါင်း ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အရန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

အက်သလက်တီကိုအကယ်ဒမီထွက် ကစားသမားတွေထဲမှာ တောရက်စ်၊ မန်ယူဂိုးသမား ဒီဂီယာနဲ့ လက်ရှိအက်သလက်တီကိုကွင်းလယ်လူ ကိုကီတို့က အတောက်ပဆုံးကြယ် ပွင့်တွေဖြစ်ခဲ့ကြတယ်။

တောရက်စ်ရဲ့အက်သလက်တီကို Bအသင်းဟာ ၁၀သင်းပါဝင်တဲ့ဆီဂန်ဒါအုပ်စုမှာ အဆင့် ၉ နေရာ ရပ်တည်နေပြီး ဒီရာသီ ၈ပွဲကစားခဲ့ရာ ၅မှတ်သာ ရရှိထားတယ်လို့ သိရပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*