
လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာစ်ဟာ လက်စတာ ၂-၀ ဆောက်သမ်တန်ပွဲစဉ်မှာ တင်ပါးဒဏ်ရာ အနည်းငယ်ရရှိခဲ့တဲ့ တိုက်စစ်မှူးဗာဒီအနေနဲ့ လာမယ့်ချယ်လ်ဆီးနဲ့ပွဲအမီ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ဗာဒီဟာ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ် ထပ်ဆောင်းအချိန်ပိုမှာ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး အရင်ကလည်း သူဟာ တင်ပါးဒဏ်ရာရရှိခဲ့ဖူးပါတယ်။
လာမယ့်အင်္ဂါညမှာ ချယ်လ်ဆီးအသင်းနဲ့ အရေးကြီးတဲ့ပွဲစဉ်အမီ ဗာဒီကြံခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်ထားတယ်လို့ ရော်ဂျာစ်က ဆိုပါတယ်။
ရော်ဂျာစ်က “ကျွန်တော်တို့ အဲဒီလို(သူပါဝင်လာဖို့) မျှော်လင့်ပါတယ်။ ဒဏ်ရာက ပြင်းထန်ပုံမရပါဘူး။ ဒါကြောင့် သူ့အခြေအနေကို စောင့်ကြည့်ပြီး ဆုံးဖြတ်သွားမှာပါ။ တင်ပါးဒဏ်ရာ ဖြစ်နေတာကြောင့်လည်း သူ့ကို ပိုဂရုစိုက်ရပါမယ်” လို့ ပြောဆိုခဲ့တယ်။
ဝါရင့်တိုက်စစ်မှူး ဗာဒီဟာ ဒီရာသီမှာလည်း လက်စတာအသင်းအတွက် အဓိကခြေစွမ်းပြ ကစားပေးနေပြီး ပရီးမီးယားလိဂ် ၁၇ပွဲမှာ ၁၁ဂိုးသွင်းယူပေးထားပါတယ်။
Ref: Daily Mail
Leave a Reply