
ကွင်းလယ်ကစားသမား ဝီနယ်ဒမ်ဟာ လီဗာပူးလ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်သွားပြီး သူ့ရဲ့ငယ်ဘဝအိပ်မက်အသင်းဖြစ်တဲ့ ဘာစီလိုနာကို သွားရောက်ကစားလိမ့်မယ်လို့ သိရပါတယ်။
နယ်သာလန်ကစားသမား ဝီနယ်ဒမ်ဟာ အသင်းနဲ့ ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်တာကြောင့် ဘာစီလိုနာကို ပြောင်းရွှေ့သွားဖို့ တော်တော်နီးစပ်လာပါပြီ။
ဘာစီလိုနာမှာ နယ်သာလန်သားဖြစ်တဲ့ ရော်နယ်လ်ကိုးမန်းရဲ့လက်အောက်မှာ သွားရောက်ကစားနိုင်တဲ့ အခွင့်အရေးလည်းရှိတာကြောင့်မို့ ဝီနယ်ဒမ်ကို ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။
သတင်းရင်းမြစ်တစ်ခုအရ “ဘာစီလိုနာက သူ့အတွက် အမြဲတမ်းဆွဲဆောင်နိုင်တဲ့ အသင်းကြီးတစ်သင်းဖြစ်တယ်။ ဒီလိုအခြေနေက ဂါရတ်ဘေးလ် စပါးကနေ ရီးရဲလ်ကို ပြောင်းသွားတဲ့ အခြေအနေမျိုးပေါ့။”လို့ ပြောသွားပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်တွေမှာ ဆုဖလားဆွတ်ခူးနိုင်အောင် ပါဝင်ကူညီပေးတဲ့ ဝီနယ်ဒမ်ကို အသင်းမှာဆက်ရှိရေးအတွက် ဖျောင်းချဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်က ကွင်းလယ်ကစားသမား တီယာဂိုကို ထပ်မံဖြည့်တင်းထားတာကြောင့် ဝီနယ်ဒမ်ကို အလွှတ်ထွက်ခွာဖို့အတွက် ရွေးချယ်စရာတွေလည်း ရှိနေပါတယ်။
ဝီနယ်ဒမ်နဲ့ပတ်သက်ပြီ ကလော့ပ်က “ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး။ ဒီကစားသမားကို ကျွန်တော်ဘယ်လောက် နှစ်သက်လဲဆိုတာ ပြောခဲ့ပြီးသားပါ။ အဲ့ကြောင့် ဒီကိစ္စအပေါ် ကျွန်တော်တကယ်ဘာမှ ပြောစရာမရှိပါဘူး”လို့ပြောသွားပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဝီနယ်ဒမ်ဟာ ဒီရာသီကလော့ပ်နဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲကစားထားပြီး ချန်ပီယံလိဂ် ၄ ပွဲ ပါဝင်ပေးထားပါတယ်။
Ref: dailymail
Leave a Reply