အင်တာမီလန်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် စံချိန်သစ်တစ်ခု စိုက်ထူနိုင်ဦးမယ့် စီရော်နယ်လ်ဒို

ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ ဒီညကစားမယ့် အင်တာမီလန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ရင် စံချိန်သစ်တစ်ခုကို စိုက်ထူနိုင်ဦးမယ်လို့ သိရပါတယ်။

အီတလီအားကစား ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ TuttoMercartoWeb ရဲ့ဖော်ပြချက်အရ စီရော်နယ်လ်ဒိုဟာ ဒီညပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့ရင် ၁၅ရာသီဆက် ကလပ်အသင်းအတွက် ဂိုး ၂၀ပြည့်သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

စီရော်နယ်လ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေပြိုင်ပွဲမှာ ၁၃ပွဲကစားခဲ့ ရာ ၁၅ဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၄ဂိုးသွင်းယူပေးထားတာကြောင့် စုစုပေါင်း ၁၉ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ဆန်စီရိုကွင်းမှာ ဒီညကစားမယ့် အင်တာမီလန်နဲ့ပွဲစဉ်မှာ သူ့အနေနဲ့ စံချိန်သစ်ရေးထိုးနိုင်မလားစောင့်ကြည့်ရမှာပါ။ စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝမှာ ဆန်စီရိုကွင်းကိုလာကစားတိုင်း ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး ၄ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ အေစီမီလန်အသင်းကို ၃ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အင်တာမီလန်ကိုတော့ တစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ စီရော်နယ်လ်ဒိုဟာ အင်တာမီလန်အသင်းနဲ့ ကစားသမားဘဝတစ်လျှောက် ၈ကြိမ်ရင်ဆိုင် ကစားခဲ့ရာမှာတော့ ၄ပွဲနိုင်၊ ၃ပွဲသရေကျပြီး ၁ပွဲသာ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

Ref: juvefc.com

Be the first to comment

Leave a Reply

Your email address will not be published.


*