
လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုက မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ လီဗာပူးလ်ရဲ့ အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ထားပေမယ့် အန်းဖီးလ်မှာကစားသွားမယ့်ပွဲကိုတော့ အရှုံးပေးမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။
ဒီညကစားမယ့် လီဗာပူး-မန်ယူပွဲစဥ်ကတော့ နှစ်တိုင်းလိုလို ပွဲကြီးပွဲကောင်းအဖြစ် သတ်မှတ်ခံရပြီး ဇယားထဲ အဆင့်၁ နဲ့ ၂ လည်းဖြစ် ၃ မှတ်ထဲ ကွာဟတာကြောင့် ပြိုင်ဆိုင်မှုလည်း ပြင်းထန်မှာဖြစ်ပါတယ်။
ဖာမီနိုက “ ယူနိုက်တက်က အကောင်းဆုံးတိုက်ပွဲဝင်နေတာ အားလုံးသိကြမှာပါ။ သူတို့တွေ အရင်ကတည်းက ကောင်းခဲ့လို့လည်းဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အံ့သြစရာမရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကြီးမားတဲ့ကလပ်အသင်းဖြစ်ပြီး ဒီလိုပွဲမျိုးက အမြဲတမ်း ထူးခြားတဲ့ ကစားပွဲတစ်ပွဲပါပဲ။
“အခုအချိန်မှာ သူတို့ဟာ ကျွန်တော်တို့ရဲ့ အဓိကချန်ပီယံပြိုက်ဘက်ဖြစ်တယ်လို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်မို့လည်း သူတို့ကိုအနိုင်ယူပြီး လီဗာပူးလ်ဟာ ချန်ပီယံဖြစ်တယ်လို့ ပြသရမှာပါ။”
“ဒီလိုကစားပွဲမျိုးကို ပရော်ဖက်ရှင်နယ်ကစားသမားတွေတိုင်း ကစားချင်ကြပြီး အနိုင်ယူချင်ကြပါတယ်။ ကျွန်တော်တို့သာ ရှုံးသွားခဲ့ရင် ပရိသတ်တွေအတွက် အရမ်းနာကျင်ခံစားရမှာပါ။ ဒါပေမယ့် ခင်ဗျားတို့ကို ကျွန်တော် ကတိပေးတယ်။ အနိုင်ယူဖို့ကလွဲပြီး ကျွန်တော်တို့ခေါင်းထဲမှာ ဘာမှမရှိပါဘူး။”
ဒီပွဲစဥ်ဟာ လီဗာပူးနဲ့ မန်ယူတို့ ၂၀၅ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး မန်ယူအသင်းက နိုင်ပွဲပိုရထားပါတယ်။ နည်းပြဖာဂူဆန်လက်ထက် ၂၀၁၃ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်တဲ့အသင်းပြန်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက လီဗာပူးလ်အသင်းကိုရောက်ရှိလာပြီး မန်ယူနဲ့ ပြိုင်ဆိုင်ပြင်းထန်တာကိုသိတဲ့ ဖာမီနိုက “ကျွန်တော်တို့ အခုအချိန်မှာ အချက်အလက်တွေကို ဂရုစိုက်နေရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး အနိုင်ယူဖို့နဲ့ ဇယားထိပ်ကို ပြန်တက်နိုင်ဖို့ပဲ စိတ်ဝင်စားပါတယ်။” လို့ ပြောသွားပါတယ်။
Ref : dailymail
Leave a Reply