
မန်စီးတီးဟာ လာမယ့်ရာသီကုန်မှာ အသင်းရဲ့နေရာတချို့ကို အင်အားဖြည့်တင်းဖို့အတွက် ပေါင် သန်း ၂၀၀ ခန့် သုံးစွဲသွားမယ်လို့ သတင်းများအရ သိရပါတယ်။ အဲ့ဒီထဲမှာ ပစ်မှတ်အဖြစ် အင်တာမီလန် တိုက်စစ်မှူး လူကာကူလည်း ပါဝင်နေပါတယ်။
ဂွါဒီယိုလာရဲ့ အသင်းဟာ ယခုရာသီ ချန်ပီယံပြေးလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာရပ်တည်နေပြီး ဇယားထိပ်အဆင့် ၁ က မန်ယူအသင်းအနဲ့ ၁ ပွဲလျော့ ၄ မှတ်သာကွာထားပါတယ်။ ဒီနေ့ည ပွဲစဥ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ကစားသွားရမှာပါ။
ဒါပေမယ့် မန်စီးတီး ရင်ဆိုင်နေရတဲ့အကျပ်အတည်းကတော့ နှစ်ရှည်ခေါ်ယူထားတဲ့ နောက်တန်းနဲ့ ရှေ့တန်းကစားသမားတွေဖြစ်တဲ့ အဂွဲရိုး၊ အဲရစ်ဂရာစီယာနဲ့ ဖာနန်ဒင်ညိုတို့ဟာ လာမယ့်ရာသီအကုန်မှာ အသင်းကနေထွက်ခွာနိုင်ပါတယ်။
The Telegraph သတင်းအရ ဂွါဒီယိုလာဟာ အသင်းအတွက် တိုက်စစ်မှူး၊ ဘယ်နောက်ခံနဲ့ ဗဟိုခံစစ် ကစားသမားတွေကို အဓိကပစ်မှတ်ထားနေပါတယ်။ အလေးထားခေါ်ယူရမယ့် နေရာကတော့ အသင်းရဲ့အနာဂတ်တိုက်စစ်မှူးအတွက် အဂွဲရိုးရဲ့နေရာမှာ အစားထိုးဖို့ဖြစ်ပါတယ်။
အဂွဲရိုးဟာ ရာသီအစကတည်းက ဒဏ်ရာနဲ့ ရုန်းကန်နေရပြီး ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေပါတယ်။ အသင်းနဲ့လည်း စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းမှာ ဆက်ရှိမရှိကို မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် မန်စီးတီးကတော့ အဂွဲရိုးအသင်းမှာ ဆက်ရှိခဲ့မယ်ဆိုရင်တောင် တိုက်စစ်မှူးအသစ်ကို ခေါ်ယူသွားမယ်လို့ ဆိုခဲ့ပါတယ်။
အသင်းရဲ့ တိုက်စစ်မှူးနေရာအတွက် အင်တာမီလန်က လူကာကူ၊ ဒေါ့မွန်အသင်းက ဟာလန်းနဲ့ ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် တို့ပါဝင်ပါတယ်။ လူကာကူဟာ ၂၀၁၇-၁၉ ရာသီမှာ မန်စီးတီးမြို့ခံပြိုင်ဘက် မန်ယူအသင်းမှာကစားသွားပြီး ရုန်းကန်ခဲ့ရတာကြောင့် အီတလီကလပ် အင်တာမီလန်ကို ပြောင်းရွှေ့သွားပါတယ်။
Ref: dailymail
Leave a Reply