ရွန်နီအနေနဲ့ နည်းပြဘဝမှာအောင်မြင်မှုရအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ဆာအဲလက်စ်ဖာဂူဆန်

မန်ယူဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က ဒါဘီနည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံရတဲ့ ရွန်နီအနေနဲ့ နည်းပြဘဝမှာ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

အသက် ၃၅နှစ်ရှိပြီဖြစ်တဲ့ ရွန်နီဟာ ဒါဘီနည်းပြအဖြစ် တရားဝင်ခန့်အပ်ခံရတဲ့အတွက် ၁၉နှစ်ကြာကျင်လည်ခဲ့တဲ့ ကစားသမားဘဝက အနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ရွန်နီဟာ ဒါဘီနည်းပြအဖြစ် ၂နှစ်ခွဲစာချုပ်နဲ့ခန့်အပ်ခံရပြီးနောက် ပထမဆုံးပွဲစဉ်မှာ ရိုသာဟမ်အသင်းကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ဆာအဲလက်စ်ဖာဂူဆန်က ရွန်နီရဲ့က စားသမားဘဝအောင်မြင်မှုက နည်းပြဘဝကို အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ ၂၀၀၄ခုနှစ်မှာ ရွန်နီကို အဲဗာတန်အသင်းကနေ မန်ယူအသင်းဆီ ခေါ်ယူခဲ့ပြီး အသင်းနဲ့အတူ ဆုဖလား ၁၆လုံး ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရယူနိုင်ခဲ့တယ်။ ရွန်နီဟာ မန်ယူအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် ကစား သမားဘဝစံချိန်ကိုရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်က “သူက အင်္ဂလန်ရဲ့ ဂိုးအများဆုံးသွင်းသူ၊ သူက မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးအများဆုံးသွင်းသူ၊ သူ့ရဲ့ကစားသမားဘဝမှတ်တမ်းက အံ့အားသင့်စရာပါပဲ။ ဒါက သူ့အတွက် အစကောင်းဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြဘဝဆိုတာ ရလဒ်တွေထုတ်လုပ်တဲ့စက်ရုံတစ်ခုပါပဲ။ ရလဒ်ကောင်းဖို့အတွက် လိုအပ်ပါတယ်။ သူဟာ အားလုံးထက် ပိုကောင်းတဲ့သူလို့ ခံယူချက်ရှိရမယ်။ သူက ပွဲအတွေ့အကြုံရှိပြီးသားပါ။ နည်းပြဘဝမှာ သူ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” လို့ ဆိုခဲ့တယ်။

ရွန်နီရဲ့ဒါဘီအသင်းဟာ ရိုသာဟမ်ကိုရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားအဆင့် ၂၃နေရာမှာ ရမှတ် ၁၉မှတ်နဲ့ တန်းဆင်းဇုန်ထဲရပ်တည်လျက်ရှိပါတယ်။

Ref: footballleagueeorld

Be the first to comment

Leave a Reply

Your email address will not be published.


*