စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ကနေ ဘီလ်ဘာအိုကို ရှုံးနိမ့်အပြီး ဟာဇက်ခြေစွမ်းအပေါ် စိတ်ရှည်ပေးဖို့ ဇီဒန်းပြောကြား

မနေ့က ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ဘီလ်ဘာအိုကို (၂-၁)ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် ရီးရဲလ်အသင်းတိုက်စစ်မှူး ဟာဇက်ရဲ့ခြေစွမ်းရုန်းကန်နေရတာကို စိတ်ရှည်ပေးဖို့ နည်းပြ ဇီဒန်းက ပြောသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဘီလ်ဘာအိုတိုက်စစ်မှူး ရာအူးလ်ဂါစီရာက အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပြီး ရီးရဲလ်အသင်းအတွက် ချေပဂိုး ၁ လုံးကိုတော့ ဘင်ဇီးမားက ၇၃ မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။

ဟာဇက်ဟာ အသက် ၂၀ အရွယ် တောင်ပံကစားသမား ဗီနီးစီးယက်စ် ဂျူနီယာနဲ့ လူစားအလဲမခံရခင်မှာ ဂိုးပေါက်ခြိမ်းခြောက်မှုတော့ တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဟာဇက်ဟာ စပိန်ကလပ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဒဏ်ရာတချို့နဲ့ရုန်းကန်နေရပြီး ဒီရာသီ ပြိုင်ပွဲစုံ ရီးရဲလ်အသင်းအတွက် ၁၀ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ သူနောက်ဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးကတော့ နိုဝင်ဘာလက ချန်ပီယံလိဂ်မှာ အင်တာကို (၂-၀)နဲ့အနိုင်ရတဲ့ပွဲမှာ ဖြစ်ပါတယ်။

ပရိသတ်တွေက ဟက်ဇက်ခြေစွမ်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေများလာခဲ့တဲ့အပေါ် နည်းပြ ဇီဒန်းကတော့ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ဟာဇက်ဟာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရောက်ဖို့အချိန်လိုအပ်ပါတယ်လို့ ပြောသွားပါတယ်။

ခင်ဗျားတို့ စိတ်ရှည်ပေးရမယ်။ ခင်ဗျားတို့လိုအပ်တာက ဂိုးတွေသွင်းဖို့မလား။ ဒီတော့ စိတ်ရှည်ပါ။ အသင်းသားတွေလည်း ကြိုးစားကြတယ်။ ကျွန်တော်ဖြည်းဖြည်းကျော်ဖြတ်သွားရမယ်။ အလျင်အမြန်ထလုပ်လို့မရဘူး။”

“ဟာဇက်ကို လူတွေစိတ်မကုန်သေးပါဘူး။ သူ့နဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့ပဲလိုတာပါ။ သူလည်း ဒီအခြေအနေက ထွက်ချင်တာပေါ့။ ဒီနေ့က ဟာဇက်တစ်ယောက်တည်း မကောင်းတာမဟုတ်ပါဘူး။ တစ်သင်းလုံး စကစားကတည်းက ဆိုးရွားနေတာ။ ဒါပေမယ့် သူဒုတိယပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့တယ်။” လို့ပြောသွားပါတယ်။

စပိန်ဘုရင့်ဖလားဖိုင်နယ်ပွဲစဥ်ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဘာစီလိုနာနဲ့ ဘီလ်ဘာအိုတို့ တွေ့ဆုံကစားသွားရမှာ ဖြစ်ပါတယ်။

Ref: goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*