ပဲလေ့စ်ကို သရေကျသွားပေမယ့် ကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုအပြစ်တင်လို့မရဘူးလို့ အာတီတာ ပြောကြား

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးမရှိသရေကျခဲ့ပေမယ့်လည်း နည်းပြအာတီတာက အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို နှစ်သက်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ကစားပွဲမှာ ပဲလေ့စ်ရဲ့ ခံစစ်ကစားပုံ ကျစ်လစ်တာကြောင့် ထိုးဖောက်နိုင်ခြင်းမရှိဘဲ မိနစ် ၉၀ အထိ ဂိုးပေါက်တည့်မှု ၄ ကြိမ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဥ် ၅  ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၄ ပွဲဆက်တိုက် clean sheet ရယူထားနိုင်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်တို့ ဂိုးသွင်းနိုင်ခြင်းမရှိတဲ့ ၇ ပွဲမြောက်ပွဲစဥ်ဖြစ်လာပြီး ၂၀၁၉-၂၀ ရာသီတုန်းက တစ်ရာသီလုံး ဂိုးမသွင်းနိုင်တဲ့ပွဲအရေအတွက်နဲ့ တူညီသွားခဲ့ပါတယ်။ အများဆုံးဂိုးပေါက် ပျောက်ဆုံးတဲ့ပွဲစဥ်တွေကတော့ ၂၀၁၅-၁၆ ရာသီတုန်းကဖြစ်ခဲ့ပါတယ်။

အာတီတာဟာ သူ့ရဲ့အသင်းသားတွေ အခွင့်အရေးတွေ လုံလောက်အောင် မဖန်တီးခဲ့နိုင်ပါဘူး။ ဒါပေမယ့် သူ့ကစားသမားတွေဟာ အရမ်းကို ကျစ်လစ်တဲ့ နောက်တန်းကစားသမားတွေနဲ့ ပင်ပင်ပန်းပန်း ရင်ဆိုင်ခဲ့ရတယ် လို့ ဆိုသွားပါတယ်။

“အဆုံးသတ်တဲ့နေရာမှာ လျင်မြန်မှုနဲ့ အရည်အသွေးတချို့ ပျောက်ဆုံးနေပါတယ်။ ကျွန်တော်တို့ ဂိုးဧရိယာထဲအထိ ဝင်နိုင်ခဲ့ပေမယ့် အခွင့်အရေးကြီးကြီးမားမား မဖန်တီးနိုင်ပါဘူး”လို့ အာတီတာက sky sports ကို ပြောသွားပါတယ်။

“ဒီနေ့ပွဲမှာ ဂိုးတွေသွင်းပြီး နိုင်ပွဲတွေ ကျွန်တော်တွေ့ချင်ပေမယ့် ကျန်တော်တို့တွေ  ပွဲပန်းနေကြပါတယ်။ ဘောလုံးပိုင်ဆိုင်တာတွေ ဆုံးရှုံးသွားတယ်။ ဒါပေမယ့်လည်း တိုက်ပွဲဝင်စိတ်ဓာတ်ကိုတော့ အပြစ်တင်လို့မရဘူးပေါ့။ အဲ့ပွဲစဥ်မှာ အလုံအလောက် မစွမ်းဆောင်နိုင်ခဲ့ကြဘူး။”လို့ ပြောသွားပါတယ်။

Ref: goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*