ကစားသမားတွေ တစ်နဲ့တစ်ယောက် social distancing မလုပ်တဲ့အပေါ် ကာကွယ်ပြောဆိုပေးသွားတဲ့ ဖရန့်လမ်းပတ်

ချဲလ်ဆီးနည်းပြ ဖရန့်ဖတ်လမ်းပတ်က ကစားပွဲတွေမှာ social distancing လုပ်ဖို့နဲ့ ဂိုးသွင်းအောင်ပွဲခံတာတွေအတွက် ပိုပြီးစိစစ်လာတဲ့အပေါ် ကစားသမားတွေ စည်းမျဥ်းစည်းကမ်းချက်တွေကို အတတ်နိုင်ဆုံး လိုက်နာနေတယ်လို့ ခုခံပြောဆိုပေးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ အစိုးရကဝင်ရောက်စွက်ဖက်မှာစိုးရိမ်တာကြောင့် အသင်းခေါင်းဆောင်တွေနဲ့ နည်းပြတွေကို အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီနောက် ကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်တာ၊ လက်ဝါးခြင်းရိုက်တာတွေ၊ လက်ဆွဲနှုတ်ဆက်တာတွေမလုပ်ဖို့နဲ့ ဂိုးသွင်းမှသာ အုပ်စုလိုက် ပွေ့ဖက်ခွင့်ပြုမှာလို့ ထုတ်ပြန်ခဲ့ပါတယ်။

လမ်းပတ်က ကစားသမားတွေဟာ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို မထီမဲ့မြင်လုပ်နေတာမဟုတ်ဘဲ သူတို့ဟာ ပြုမူနေကျအတိုင်း အလိုလိုလုပ်မိနေတာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ လမ်းပတ်က ကစားသမားတွေရဲ့ စိတ်ခံစားချက်အပေါ် ထိန်းသိမ်းကြပ်မတ်ဖို့ ခက်ခဲလိမ့်မယ်လို့လည်း ဆိုသွားပါတယ်။

“ကျွန်တော်တို့ လုပ်ဆောင်ရမယ့်အပေါ် အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပါ။ လူထုကြားထဲမှာ ကိုဗစ်ကူးစက်နှုန်းက တစ်ရှိန်ထိုးတက်လာပြီး ဘောလုံးကစားပွဲတွေကလည်း အပါအဝင်ဖြစ်တာကြောင့် အခုတလော စည်းမျဥ်းစည်းကမ်းတွေက ပိုပြီးတင်းကြပ်လာတာကို ကျွန်တော်နားလည်ပါတယ်။”

“အစည်းအဝေးတွေ့ဆုံကြပြီး ကျွန်တော်တို့ လုပ်ငန်းခွင်မှာ လိုက်နာဖို့မလွယ်တဲ့နေရာတွေရှိတယ်။ ဒါပေမယ့် social distancing က ထိပ်ဆုံးကပါပဲ။ အခြေခံအချက်တွေထဲမှာ အားလုံးထိပ်ဆုံးက လိုက်နာရမယ်ဆိုပေမယ့်လည်း တကယ်တမ်း ကွင်းထဲမှာကစားပြီဆိုရင် လုပ်နေကျအပြုအမူတွေက လုပ်မိနေမှာပဲ။ အဲ့ဒါက ကစားပွဲထဲမှာနဲ့ လေ့ကျင့်ရေးကွင်းတွေမှာ ရှင်းရှင်းလင်းလင်းခွဲခြားဖို့ မလွယ်ကူဘူး။”

လမ်းပတ်က ဆက်လက်ပြီး “ဘောလုံးကစားသမားတွေဟာ အကုန်လုပ်ရပါတယ်။ တချို့သူတွေကျတော့ အိမ်ကနေအလုပ်လုပ်လို့ရတယ်။ ဒါပေမယ့် ဘောလုံးသမားတွေတော့ မရဘူး။”

“ဒါကြောင့် သူတို့ဟာ သူတို့ကိုယ်သူတို့ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရာတွေကို သွားရပါတယ်။ အိမ်ပြန်တဲ့အခါမှာ သူတို့ရဲ့ ကိုယ်ဝန်ဆောင်ဇနီး၊ အဘိုးအဘွား၊ မိဘတွေ မောင်နှမတွေလည်းပဲ အန္တရာယ်ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်နားလည်ရမှာက ဘောလုံးကစားသမားတွေလည်း လူသားတွေပါပဲ။ သူတို့အလုပ်ကို ဒီအလိုကာလမှာ လာလုပ်ဖို့ တောင်းဆိုခံနေရတာပါ။”လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*