လီဗာပူးလ်နဲ့ပွဲစဥ်မှာ ဒန်နီအင့်ဂ် ကိုဗစ်ကူးစက်ခံခဲ့ရနိုင်တယ်လို့ ဆောက်သမ်တန်နည်းပြ ပြောကြား

ဆောက်သမ်တန်အသင်းဟာ လီဗာပူးလ်ကိုအနိုင်ရခဲ့တဲ့ပွဲပြီးနောက် တိုက်စစ်မှူး ဒန်နီအင့်ဂ်က ကိုဗစ်ပိုးစစ်ဆေးမှုမှာ positive ဖြစ်ခဲ့ပြီး ကစားပွဲအတွင်းမှာ ကူးစက်ခံရနိုင်ခြေရှိခဲ့တယ်လို့ နည်းပြ ဟာဆန်ဟက်တယ်က ဆိုလိုက်ပါတယ်။

အင့်ဂ်ဟာ အဲ့ဒီပွဲစဥ်ပြီးကတည်း တစ်ယောက်တည်း သီးခြားခွဲနေပြီး လာမယ့်လက်စတာနဲ့ကစားခင် ပြန်ထွက်ကစားလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အသက် ၂၈ နှစ် တိုက်စစ်မှူး အင့်ဂ်ဟာ ဇန်နဝါရီ ၄ ရက်နေ့က လီဗာပူးလ်နဲ့ကစားတဲ့ အိမ်ကွင်းပွဲစဥ်မှာ ၇၇ မိနစ်ကစားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ကစားပွဲမတိုင်ခင် ကိုဗစ်ပိုးစစ်ဆေးမှုမှာ negative ထွက်ထားပါတယ်။

Sportmail အသင်းအရ လီဗာပူးလ်ဟာ ဆောက်သမ်တန်နဲ့ပွဲစဥ်ကတည်းက အခုအထိ ကိုဗစ်ကူးစက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အင့်ဂ်ဟာ ဒီနေ့(သောကြာ)မှာ လေ့ကျင့်ရေးပြန်ဆင်းနိုင်မှာဖြစ်ပေမယ့် စနေနေ့ညမှာ ကစားမယ့် လက်စတာနဲ့ပွဲစဥ်ကိုတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ ဆောက်သမ်တန်ဟာ လီဗာပူးလ်နဲ့ ပွဲစဥ်ကတည်းက မကစားရေသးပါဘူး။ လိဂ် ၁ မှာ ကိုဗစ်ပြန့်ပွားမှုများပြားတာနေကြောင့် FA ဖလားပွဲစဥ်ဖြစ်တဲ့ ရှောလ်ဘူရီတောင်းအသင်းနဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

နည်းပြ ဟာဆန်ဟက်တယ်က “လီဗာပူးလ်နဲ့ နောက်ဆုံးကစားပြီးကတည်းက ကျွန်တော်တို့အသင်းမှာ ကူးစက်သူ တစ်ယောက်ရှိခဲ့ပါတယ်။ ဒန်နီအင့်ဂ်က အခုဆိုရင် ၁၀ ရက်အထိ သီးခြားခွဲနေခဲ့ပြီးဖြစ်ပါတယ်။”

“ဒါကိုကြည့်ခြင်းအားဖြင့် အဲ့ကစားပွဲမှာ သူကူးစက်ခံခဲ့ရနိုင်တယ်။ ကိုဗစ်စစ်ဆေးချက် positive မထွက်ခင် ၄၈ နာရီအတွင်းမှာ ကူးစက်ခံရတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို စည်းကမ်းတကျလိုက်နာမယ်ဆိုရင် အရမ်းကိုကောင်းမွန်ပြီး ကျွန်တော်တို့ နေ့စဥ်လုပ်နေကျအလုပ်နဲ့ အတူတူလည်းအောင်ပွဲခံလို့ရမှာပါ။” လို့ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*