
လာမယ့်တနင်္ဂနွေညမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အစမ်းသပ်ခံပွဲစဉ်အဖြစ် မန်ယူအသင်းဟာ လီဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ မန်ယူအသင်းမှာ ဒီပွဲအတွက် ပါဝင်ဖို့မသေချာသေးတဲ့ ကစားသမား ၃ဦးရှိနေပြီး ၂ဦးက နောက်ဆုံးကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြတာဖြစ်ပါတယ်။
ဘန်လေကို ၁-၀ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူး မာစီယဲလ်က တံကောက်ကြောဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ကွင်းလယ်လူ မာတစ်ကတော့ ပေါင်ခြံဒဏ်ရာရရှိခဲ့ပါတယ်။ နောက်တစ်ဦးကတော့ နောက်ကျောဒဏ်ရာကြောင့် ဘန်လေနဲ့ပွဲကိုလွဲချော်ခဲ့တဲ့ နောက်ခံလူ လင်ဒီလော့ဖ်ဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲကို ဆက်လွဲဖို့ များနေပါတယ်။
ဝက်ဖို့ဒ်နဲ့ FAဖလားပွဲစဉ်မှာ ခြေထောက်ဒဏ်ရာရခဲ့ပေမယ့် ဘန်လေနဲ့ပွဲမှာပါဝင်ပြီး အကောင်းဆုံး ခြေစွမ်းပြသွားတဲ့ ဘိုင်လီကတော့ လီဗာပူးလ်နဲ့ပွဲအတွက် အသင့်ဖြစ်နေပြီလို့ ဆိုးလ်ရှားက ဆိုပါတယ်။
ဆိုးလ်ရှားက “သူက ဒီပွဲကို ကစားချင်နေတာပါ။ သူ ဒီပွဲအတွက် အသင့်ဖြစ်နေပါပြီ။ မနေ့က လေ့ကျင့်ရေးကွင်းကိုလာခဲ့ပေမယ့် ဘာမှမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ သူ အဆင်ပြေပါတယ်။ ဗစ်တာ(လင်ဒီလော့ဖ်)ကတော့ အချိန်နည်းနည်းပေးရဦးမှာပါ” လို့ ဆိုခဲ့တယ်။
မန်ယူနဲ့ကစားမယ့်လီဗာပူးလ်အသင်းမှာလည်း အဓိကနောက်ခံလူတွေ ဒဏ်ရာပြဿနာရှိနေပါတယ်။ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်တို့ အနားယူနေရဆဲဖြစ်သလို ဂျိုးလ်မာတစ်မှာလည်း ပါဝင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
Ref: manchestereveningnews
Leave a Reply