ယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီလင်းဂတ်ရဲ့ အပြောင်းအရွှေ့သတင်းအပေါ် ဆိုးလ်ရှား ပြောကြား

ယူနိုက်တက် ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ပွဲထွက်ခွင့်မရခဲ့တာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်တာကြောင့် ကစားသမားက အခုဇန်နဝါရီမှာ အသင်းပြောင်းဖို့အတွက် ချိတ်ဆက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ FA ဖလား ဝက်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ရှေ့လျှောက် သူ့ရဲ့အခွင့်အရေးဟာ မသေချာနိင်ပါဘူး။

Sky sports သတင်းအရ လင်ဂတ်ရဲ့ ကိုယ်စားလှယ်က ပြင်သစ်ကလပ် နိုက်စ်အသင်းနဲ့ အငှားသွားရောက်ကစားဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားဟာ လင်ဂတ်ကို ဒီလ အသင်းမှာရှိနေစေချင်တယ်လို့ The Telegraph က ပြောထားပါတယ်။

သတင်းအချက်အရ ယူနိုက်တက်က ကွင်းလယ်ကစားသမား လင်ဂတ်ကို နည်းပြဆိုးလ်ရှားက အသင်းမှာ လိုအပ်နေသေးတာကြောင့် ထွက်ခွာခိုင်းမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဇယားထိပ် အဆင့်၁ ရောက်နေတဲ့ ယူနိုက်တက်က လာမယ့်တနင်္ဂနွေမှာ ပွဲကြီးပွဲ‌ကောင်းအဖြစ် လီဗာပူးလ်နဲ့ ကစားရမှာဖြစ်ပြီး ဆိုးလ်ရှားဟာ FA ဖလားပြိုင်ပွဲကော ဥရောပပြိုင်ပွဲမှာပါ ပစ်မှတ်ထားနေတာကြောင့် ရွေးချယ်စရာတွေများပြားနေပါတယ်။

လင်ဂတ်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားက ” လေ့ကျင့်ရေးကွင်းမှာ သူကြိုးစားလေ့ကျင့်တယ်။ ကိုဗစ်ရှိတဲ့သူ‌‌တွေနဲ့ တိုက်ရိုက်ထိတွေ့မိတာ ဒါမှမဟုတ် နီးကပ်ခဲ့တာတွေကြောင့် သူကိုယ်တိုင်တောင် ကူးစက်မခံရဘဲနဲ့ ကံမကောင်းစွာသီးခြားခွဲနေတာတွေ လုပ်ရပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တချို့နဲ့လည်း ဝေးကွာခဲ့ရပါတယ်။ လင်ဂတ်က အရမ်းကို ကြိုးစားတဲ့သူတ‌စ်ယောက်ပါ” လို့ ပြောသွားပါတယ်။

လင်ဂတ်ဟာ အစောပိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ၂၀၁၈ မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ အဲ့အချိိန်ကစပြီး ယူနိုက်တက်အသင်းမှာ ‌ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပါတယ်။

Ref : allfootball

Be the first to comment

Leave a Reply

Your email address will not be published.


*