
စီးရီးအေကလပ် နာပိုလီအသင်းက ဒီဇန်နဝါရီ မှာ လီဗာပူးလ်၊ မန်ယူတို့အပါအဝင် နောက်ခံလူ ကူလီဘာလီကိုခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးရလိမ့်မယ်လို့ သတိပေးထားပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ လီ ဗာပူးလ်၊ မန်ယူနဲ့ မန်စီးတီးတို့ဟာ ကူလီဘလီကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး နာပိုလီက ဒီအပြောင်းအရွှေ့ကာလမှာ သူတို့ကစားသမားကို ပေါင်သန်း ၁၀၀မရဘဲ လုံးဝလက်လွှတ်မှာမဟုတ်ဘူးလို့ talkSPORT က ဖော်ပြခဲ့ပါတယ်။
အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ ဆီနီဂေါလက်ရွေး စင် ဗဟိုနောက်ခံလူ ကူလီဘလီဟာ နာပိုလီအသင်းမှာ ၇ရာသီမြောက်အဖြစ် ပါဝင်ကစားနေပြီး ပြိုင်ပွဲစုံ ၂၆၄ပွဲပါဝင်ကစားထားကာ နာပိုလီအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နှစ်စဉ်ပါဝင်ကစားနေတဲ့သူဖြစ်ပါတယ်။
မန်ယူအသင်းဟာ ကူလီဘလီကို ခေါ်ယူဖို့ ကာလရှည်ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခြေအနေကောင်းနေပြီး ဗဟိုခံစစ်မှာ ဘိုင်လီခြေစွမ်းပြပေမယ့် လင်ဒီလော့ဖ်ရဲ့ကြံ့ခိုင်မှုပြဿနာ၊ မက် ဂွိုင်းရားရဲ့ ခြေစွမ်းအတက်အကျမငြိမ်မှုကြောင့် အတွေ့အကြုံရင့် ကစားသမားတစ်ဦး လိုအပ်နေပါတယ်။
လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကလည်း ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ်တို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသလို ဂျိုးလ်မာတစ်မှာလည်း မကြာခဏဒဏ်ရာရတတ်တာကြောင့် နည်းပြကလော့ပ်ရဲ့ဇန်နဝါရီဦးစားပေးက ဗဟို နောက်ခံလူသစ်ခေါ်ယူဖို့ပါပဲ။
ဒါကြောင့် နာပိုလီအသင်းက အဓိကနောက်ခံလူ ကူလီဘလီကို ပရီးမီးယားလိဂ်ကလပ်တွေရဲ့ လက်ရှိအခြေအနေကြောင့် လက်လွှတ်ခဲ့ရပါက နောက်တန်းကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ စျေး ခေါ်ထားတာဖြစ်ပါတယ်။
ဗန်ဒိုက်၊ မက်ဂွိုင်းရားတို့လို ဗဟိုနောက်ခံလူတွေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူခဲ့တဲ့ လီဗာပူးလ်နဲ့ မန်ယူအတွက်တော့ ဒီတစ်ကြိမ် ဘယ်သူလက်ဦးမလဲစောင့် ကြည့်ရတော့မှာပါ။
Ref: talkSPORT
Leave a Reply