အသင်းကစားဖော် ဆာလတ် လီဗာပူးလ်မှာ ပျော်ရွှင်နေတယ်လို့ ကွင်းလယ်လူ ဖာဘင်ညို ပြောကြား

အပြောင်းအရွှေ့ထင်ကြေးအမျိုးမျိုးတွေထွက်ပေါ်နေတဲ့ လီဗာပူးလ်အသင်းမှာ အီဂျစ်သား ဆာလတ်က အသင်းမှာ အရမ်းပျော်ရွှင်နေပါတယ်လို့ ကွင်းလယ်လူ ဖာဘင်ညိုက အခိုင်အမာပြောသွားခဲ့ပါတယ်။

ဒီဇင်ဘာလက အသင်းပြောင်းရွှေ့ကစားနိုင်တယ်လို့ ဆာလတ်ပြောခဲ့တဲ့အပေါ် စပိန်ကလပ်ထိပ်သီးကလပ်တွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ချိတ်ဆက်ဖို့ ပြင်ဆင်လာကြပါတယ်။

အသင်းဖော် ဖာဘင်ညိုက ဥရောပထိပ်သီးကလပ်တွေနဲ့ ဆာလတ် ချိတ်ဆက်တယ်ဆိုတာ ပုံမှန်လိုပါပဲ။ အဲ့ထင်ကြေးသတင်းတွေကြောင့် သူ့ခြေစွမ်းကို မထိခိုက်ဘူးလို့ ယုံကြည်နေပါတယ်။

ဖာဘင်ညိုက “နာမည်ကြီးကစားသမားတွေကတော့ ကောလာဟလထဲမှာ သူ့တို့နာမည်ပါနေမှာပဲ။ ဆာလတ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံအသင်းတွေထဲက လီဗာပူးလ်အသင်းမှာ ကစားနေတာဖြစ်တယ်။ တခြားအသင်းတွေနဲ့ ချိတ်ဆက်တဲ့သတင်းကလည်း ဖြစ်နေကျပါပဲ။ အထူးသဖြင့် တခြားလိဂ်တွေကပေါ့”လို့ ESPN ကို ပြောသွားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီရာသီ ဆာလတ်အသင်းမှာပျော်ရွှင်နေပြီး သူ့ခြေစွမ်းနဲ့ပတ်သက်လို့ ကျေနပ်နေမယ်လို့ ကျွန်တော်ထင်တယ်။ သူက သူ့ဟာသူအကောင်းဆုံးဖြစ်အောင် အမြဲတမ်းလုပ်ဆောင်တယ်။ သူအသင်းဖော်ကို အကူအညီ ပေးနိုင်ဖို့ အမြဲတမ်းကြိုးစားအားထုတ်တယ်။ ဒါနဲ့ပတ်သက်ပြီး သူပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး မြင်တွေ့နေကျ သူဂိုးတွေ သွင်းနေတာပါပဲ။ အဝတ်လဲခန်းထဲမှာဆို အားလုံးကို အမြဲတမ်း စကားပြောပြီး ဟာသလုပ်ပါသေးတယ်။

သူ့စွမ်းဆောင်ရည်တွေပေါ် သတင်းတွေ၊ ထင်ကြေးတွေက သက်ရောက်မှုမရှိဘူးလို့ ကျွန်တော်ထင်တယ်။ အချုပ်ဆိုရရင် ကျွန်တော်သတင်းတွေကို လိုက်မကြည့်ဖြစ်ဘူး။ အဲ့ကြောင့် ကောလာဟလနဲ့ပတ်သက်ပြီး ကျွန်တော်မသိပါဘူး။ ကျွန်တော်အခုနပြောခဲ့တဲ့အတိုင်း ထိပ်တန်းကစားသမားတွေကို ထိပ်တန်းကလပ်တွေက အမြဲချိတ်ဆက်မှုတော့လုပ်မှာပဲ။ “လို့ပြောသွားပါတယ်။

လီဗာပူးလ်အသင်းဟာ ခရစ္စမတ်ကာလမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် ယူနိုက်တက်နဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာကို ရောက်ရှိသွားပါတယ်။

ref: goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*