PSG မှာ ခြေစွမ်းပျောက်ဆုံးနေတဲ့ အီကာဒီကို ပြင်သစ်ဂန္ထဝင်ပါပင် ဝေဖန်

PSG တိုက်စစ်မှူး အီကာဒီရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ပြင်သစ်ကစားသမားဟောင်း ပါပင်က ဝေဖန်သွားခဲ့ပါတယ်။

မနှစ်ကရာသီမှာ အင်တာကနေ အငှားခေါ်ယူခဲ့တုန်းက PSG အတွက် ဂိုး ၂၀ သွင်းယူပေးထားပြီး ခြေစွမ်းပြကစားနိုင်တာကြောင့် ဒီရာသီမှာ ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

PSG အသင်းကနေ ကာဗာနီထွက်ခွာသွားပြီးနောက် သူ့နေရာအစား အသင်းရဲ့ နံပါတ် ၉ အင်္ကျီကို အီကာဒီက ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာတချို့နဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ဒီရာသီအသင်းအတွက် ၆ ဂိုသာ သွင်းယူထားပါသေးတယ်။

အီကာဒီ မပါဝင်နိုင်တဲ့အချိန်တုန်းက အဲဗာတန်ကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ မွိုက်စ်ကိန်းဟာ psg အသင်းအတွက် ၁၈ ပွဲကစားထားရာမှာ ၁၁ ဂိုးအထိ သွင်းယူထားပါတယ်။

ပိုချက်တီနို အသင်းကို စကိုင်တွယ်တဲ့ပွဲမှာတော့ အီကာဒီ ဂိုးပေါက်ပြန်တွေ့ခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ ပြန်မရသေးဘူးလို့ ပါပင်က ပြောသွားခဲ့ပါတယ်။

“ကျွန်တော် တစ်နှစ်လုံး သူကစားတာကို ကြည့်ခဲ့တယ် အံ့ဩစရာကောင်းအောင် ခြေစွမ်းမျိုးလည်း ဘာမှမပြသနိုင်ဘူး။ သူ့ပုံစံကို ကြည့်ရတာ အရင်ကထက် ဘာစိတ်အားထက်သန်မှုမှမရှိဘူး။”ပါပင်က ပြောသွားပါတယ်။

” သူပြိုင်ပွဲတွေကို မနှစ်သက်ဘူးလို့ ကျွန်တော်ခံစားမိတယ်။ အင်တာမှာတုန်းကတော့ သူဟာ အံ့ဩစရာကောင်းအောင် စွမ်းဆောင်ပြနိုင်ပြီး အသင်းခေါင်းဆောင် ကြယ်ပွင့်တစ်ယောက်လည်း ဖြစ်တယ်။ အခု psg မှာတော့ နေမာ၊ ဘာပေနဲ့ တချို့သူတွေနောက်မှာရှိနေတဲ့ ပုံမှန် ကစားသမားတစ်ယောက်လိုပဲ။” လို့ ဝေဖန်သွားခဲ့ပါတယ်။

Ref : goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*