VAR ရဲ့ဆုံးဖြတ်ချက်ကြောင့် ကစားသမားတွေကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဆိုးရှားလ် ပြောခဲ့ရ

ဘန်လေနဲ့ကစားတဲ့ပွဲစဉ်ပထမပိုင်းမှာ VAR ရဲ့ ဆုံးဖြတ်ချက်တချို့ကြောင့် ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းသားတွေကို စိတ်လျှော့ဖို့ ပြောခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ကစားသမားတွေ အကောင်းဆုံးကစားသွားပြီး ပေါ့လ်ဘာက အသင်းအတွက် အဝေးကန်ချက်နဲ့ ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့လည်း ဘန်လေကို (၁-၀)ဂိုးနဲ့အနိုင်ရပြီး လီဗာပူးကို ကျော်တက်ကာ ဇယားထိပ်မှာ ၃ မှတ်အကွာနဲ့ ရပ်တည်နေပါတယ်။

ယူနိုက်တက်တို့ ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့်ရမယ့် ကာဗာနီကို ဂိုးဧရိယာအနားမှာ ဘန်လေ ကစားသမား ဘရက်ဒီက ပြစ်ဒဏ်ကျူးလွန်လိုက်ပေမယ့် VAR ပြန်ကြည့်ရှုတာကနေ ဘရက်ဒီရဲ့ ကျူးလွန်မှုအစား အဲ့မတိုင်ခင် လုခ်ရှော ကစားပုံကြမ်းခဲ့တာကိုပဲ ပြစ်ဒဏ်‌ဘောသတ်မှတ်တာပြီး အဝါကတ်ပြသခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်ကစားမား မက်ဂွဲယားလည်း အသင်းအတွက် အဖွင့်ဂိုးသွင်းယူလိုက်ပေမယ့်လည်း အငြင်းပွားဖွယ် ပြစ်ဒဏ်ကြောင့် VAR က ဂိုးပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။

ဆိုးလ်ရှားက ပထမပိုင်းအပြီးမှာ သူ့ကစားသမားတွေ VAR ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ကစားသွားဖို့လိုကြောင့် တိုက်တွန်းခဲ့ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့ ပထမပိုင်းအပြီးမှာ ပြန်ပြီးတည်တည်င်ြငြိမ်ဖြစ်ဖို့ လုပ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒိုင်တွေရဲ့အဆုံးအဖြတ်ကို လက်မခံခဲ့လို့ စိတ်ခံစားမှုတွေ မြင့်နေခဲ့လို့ပါ” လို့ ပြောသွားပါတယ်။

“အဲနောက် ကျွန်တော်တို့ ဒုတိယပိုင်းမှာ အကောင်းဆုံးပြန် ထိန်းချုပ်နိုင်ပြီး အဆုံးမှာတော့ အနိုင်ရလဒ်စွမ်းဆောင်နိုင်ခဲ့ပါတယ်။”

VAR ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ” ကျွန်တော် သူတို့ဆုံးဖြတ်တာတွေ မကြည့်ခဲ့ရပါဘူး။ အဲ့ကြောင့် ကျွန်တော် သေချာမပြောနိုင်ဘူး။ လုခ်ရှောနဲ့ ပတ်သတ်တဲ့ ပြစ်ဒဏ်ဘောတော့ မှန်ကောင်းမှန်နိုင်တယ်။ မက်ဂွဲယားအတွက်တော့ လုံးဝမဟုတ်ဘူး။ တကယ်လို့ ခင်ဗျားဒီလို ခေါင်းတိုက်ဖို့ မခုန်နိုင်ဘူးဆိုရင် ပြစ်ဒဏ်ဘောချမှတ်စင့်တယ်လို့ ကျွန်တော်တော့ မယုံကြည်ပါဘူး။”လို့ ပြောသွားပါတယ်။

Ref : goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*