အပြာမင်းသမီးဟောင်းတစ်ဦးကို အသင်းဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်တဲ့ ဝက်စ်ဟမ်းအသင်း

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ အပြာမင်းသမီးဟောင်းတစ်ဦးကို အသင်းဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အီဗာဗော်လေ(အမည်ရင်း-အမ်မာဘင်တမ်ဟုချ် ၅၅နှစ်)ဟာ ဝက်စ်ဟမ်းအသင်းပူးတွဲပိုင်ရှင် ဒေးဗစ်ဆူလေဗန်ရဲ့လက်တွဲဖော်ဖြစ်ပြီး လူကြီးကြိုက် ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၀ခုနှစ်မှာ ဒေးဗစ်ဂိုးလ်၊ ကာရင်ဘရက်ဒီတို့နဲ့အတူ ဒေးဗစ်ဆူလေဗန်ဟာ ဝက်စ်ဟမ်းအသင်းကို ဝယ်ယူခဲ့ပြီး ဆူလေဗန်ရဲ့လက်တွဲဖော် အီဗာဗော်လေကိုလည်း ဝက်စ်ဟမ်းအသင်းရဲ့ပွဲစဉ်တွေမှာ မကြာခဏတွေ့မြင်ခဲ့ကြရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အီဗာဗော်လေကို ဆူလေဗန်ရဲ့သားတွေဖြစ်တဲ့ ဒေ့ဗစ်ဆူလေဗန်၊ ဂျက်စ်ဆူလေဗန်တို့နဲ့အတူ အသင်းဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခဲ့တာပါ။ အီဗာဗော်လေဟာ ၁၉၉၀နှောင်းပိုင်းနဲ့ ၂၀၀၀ အစပိုင်းတွေမှာ adult films များစွာကို ဒါရိုက်တာအဖြစ်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင်လည်း The Sun, Play Boy တို့မှာ page-3 မော်လ်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

ဒီ adult films ထုတ်လုပ်ရေးမှာ အီဗာဗော်လေဟာ ဆူလေဗန်ရဲ့ငွေကြေးတွေကိုသုံးစွဲခဲ့ပြီး ဆူလေဗန်ဟာလည်း အမြတ်ငွေများစွာရရှိခဲ့ကာ ပေါင် ၁.၁၅ ဘီလီယံအထိ ကြွယ်ဝချမ်း သာလာတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယား အလယ်အလတ်မှာရပ်တည်နေပေမယ့် အဆင့်၄က စပါးအသင်းနဲ့ ၃မှတ်သာကွာဟတာကြောင့် ဇယားထိပ်ပိုင်းကိုမျှော်လင့်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။

Ref:Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*