အာဆင်နယ်နောက်ခံကစားသမား ရော့ဘ်ဟိုးဒင်း အသင်းနဲ့ ၂၀၂၄ အထိ စာချုပ်သစ် ချုပ်ဆို

အာဆင်နယ်နောက်ခံကစားသမား ရော့ဘ်ဟိုးဒင်းက အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဟိုးဒင်းဟာ အာဆင်နယ်အသင်းနဲ့ ၃ နှစ်ခွဲ စာချုပ်ချုပ်ခဲ့ပြီး ၂၀၂၄ ရာသီအကုန်အထိ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီအစ အပြောင်းအရွှေ့စျေးကွက်တုန်းက အသင်းကနေ အငှားထွက်ကစားဖို့ နီးစပ်ခဲ့ပေမယ့် အာတီတာလက်ထက် အာဆင်နယ်ရဲ့ ပွဲထွက်လူစားရင်းမှာ ပါဝင်နိုင်အောင် စွမ်းဆောင်ခဲ့ပြီး အသင်းက အခြားခံစစ်ကစားသမားတွေအားလုံးထွက် ပွဲထွက်ကစားခွင့်အများဆုံးရထားပါတယ်။

“ကျွန်တော် နည်းပြအနေနဲ့စရောက်ကတည်းက ဟိုးဒင်းနဲ့ပတ်သက်ပြီး အသင်းအတွက် အကူအညီရတာတွေအပြင် အဝတ်လဲခန်းနဲ့ ကွင်းပြင်ပစွမ်းဆောင်ရည်တွေက အထင်ကြီးစရာပါပဲ။ လေ့ကျင့်ရေးကွင်းမှာ သူရဲ့ အားထုတ်ပုံက ကျေနပ်အားရစရာရှိပြီး ကစားပွဲတွေမှာ အကောင်းဆုံးပုံစံနဲ့ ပြန်အသုံးချနိုင်ပါတယ်။”လို့ အာတီက ပြောသွားပါတယ်။

နည်းစနစ်ဒါရိုက်တာက အီဒူက “ရော့ဘ်ဟိုးဒင်းကို စာချုပ်ထပ်ချုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ သူက အခုမှ ၂၅ နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့အရွယ်ကို မရောက်သေးပါဘူး။ အရေးကြီးတဲ့ ဒီလိုနှစ်တွေမှာ ကျွန်တော်တို့နဲ့အတူရှိပေးတာကြောင့် ဝမ်းသာမိပါတယ်။”လို့ ပြောသွားပါတယ်။

ဟိုးဒင်းဟာ အာဆင်နယ်အသင်းအတွက် ပွဲ ၁၀၀ နီးပါးကစားထားပြီး သူ့ ၂၀၁၆-၁၇ တုန်းက ဘော်လ်တန်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အဲ့ရာသီတုန်းက FA ဖလားဖိုင်နယ်မှာ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။

Ref: goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*