FA ဖလားစတုတ္ထအဆင့်မှာ မန်ယူနဲ့ လီဗာပူးလ်ထိပ်တိုက်တွေ့ဆုံနေပြီး မန်စီးတီး၊ စပါး၊ ချယ်လ်ဆီးတို့ ပွဲချောင်နေ

FA ဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို မနေ့ညက မဲခွဲမှုပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးလ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီး၊ စပါး၊ ချယ်လ်ဆီးတို့ကတော့ အသင်းငယ်တွေနဲ့ကစားရမှာဖြစ်လို့ ပွဲချောင်နေပါတယ်။

မန်စီးတီးအသင်းဟာ league two ကလပ် ချယ်တင်ဟမ်အသင်းနဲ့ကစားရမှာဖြစ်သလို စပါး- ဝိုင်ကမ်ဘီ၊ ချယ်လ်ဆီး- လူတန်တို့တွေ့ဆုံနေပြီး အာဆင်နယ်ကတော့ ဆောက်သမ်တန်-ရှရူးဘူရီပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

အာဆင်နယ်အသင်းဟာ FAဖလားကို စံချိန်တင် ၁၄ကြိမ်ရရှိထားပြီး ကိုဗစ်ကြောင့်ရွှေ့ဆိုင်းခဲ့ရတဲ့ ဆောက်သမ်တန်-ရှရူးဘူရီပွဲစဉ်က အနိုင်ရတဲ့အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ FA ဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို ဇန်နဝါရီ ၂၃-၂၄ရက်တွေမှာကစားသွားမှာဖြစ်ပြီး ပဥ္စမအဆင့် (၁၆သင်းအဆင့်)ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီ ၉-၁၁ ရက်တွေမှာ ကစားသွားမယ်လို့ သိရပါတယ်။

FAဖလား စတုတ္ထအဆင့်ပွဲစဉ်များ

ချယ်တင်ဟမ် – မန်စီးတီး၊ ဘုန်းမောက်- ခရော်လေ၊ ဆွမ်ဆီး- နော့တင်ဟမ်၊ မန်ယူ- လီဗာပူးလ်၊ ဆောက်သမ်တန်/ရှရူဘူရီ – အာဆင်နယ်၊ ဘန်စလေ- နော်ဝစ်ချ်၊ ချိုလေ-ဝုလ်ဗ်၊ မီဝေါလ်-ဘရစ္စတိုးလ်စီးတီး၊ ဘရိုက်တန်-ဘလက်ပူးလ်၊ ဝိုင်ကမ်ဘီ- စပါး၊ ဖူလ်ဟမ် – ဘန်လေ၊ ရှက်ဖီးယူနိုက်တက် – ပလိုင်းမောက်၊ ချယ်ဆီး-လူတန်၊ ဝက်စ်ဟမ်း-ဒွန်ကတ်စတာ၊ ဘရန့်ဖို့ဒ်- လက်စတာ၊ အဲဗာတန် – ရှက်ဖီးဝင့်စ်ဒေး။

Ref: BBC

Be the first to comment

Leave a Reply

Your email address will not be published.


*