
ဂျပန်ဂျေလိဂ်ကလပ် ယိုကိုဟားမားအသင်းဟာ အသက် ၅၄နှစ်ပြည့်တော့မှာဖြစ်တဲ့ ဝါရင့်တိုက် စစ်မှူး ကာဇူယိုရှီမူရာကို ၂၀၂၁ရာသီအတွက် တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၆ရက်မှာ ၅၄နှစ်ပြည့်မယ့် မူရာအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၃၆ရာသီကို ဖြတ်သန်းရမှာဖြစ်ပြီး သူကတော့ ဘောလုံးကစားရတာပျော်ရွှင်နေသေးတယ်လို့ ဆိုပါတယ်။
ဂျပန်ဘောလုံးလောကရဲ့ “မာရာဒိုနာ” လို့ တင်စားခံထားရတဲ့ မူရာက “ကျွန်တော်အနေနဲ့ ဘောလုံးကစားရတာ ပျော်ရွှင်နေပါသေးတယ်။ ဘရာဇီးလ်မှာ ကစားခဲ့ရတဲ့အချိန်တွေထက်တောင် ပိုပျော်ပါတယ်” ဆိုပြီး အနားယူဖို့အစီအစဉ်မရှိသေးတာကို ပြောဆိုခဲ့ပါတယ်။
ယိုကိုဟားမားတိုက်စစ်မှူး မူရာဟာ ကစားသမားဘဝမှ ဘရာဇီးလ်ကလပ် ဆန်းတို့စ်၊ ကော်ရီတီဘာ၊ ပီရာစီကာဘာ၊ ဂျီနို အာ၊ ဒိုင်နမိုဇာဂရက်၊ ဆစ်ဒနီ၊ ဗာဒီကူရာဆာကီ စတဲ့ကလပ်တွေမှာ ပါဝင်ကစားခဲ့ပြီး ၆၆၉ပွဲကစားကာ ၁၈၇ဂိုးသွင်းယူပေးခဲ့ပါတယ်။
မူရာဟာ ၂၀၁၇ခုနှစ်က သယ်စပါကူဆက်ဆူဂမ်မာအသင်းနဲ့ပွဲမှာ ဂိုးနောက်ဆုံးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီဂိုးဟာ ဂျပန်ဘောလုံးသမိုင်း အသက်ကြီးဆုံးဂိုသွင်းသူအဖြစ်(၅၀နှစ်၊ ၁၄ရက်) မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါဟာ ဂင်းနစ်မှတ်တမ်းမှာလည်း သူ့အနေနဲ့ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အသက်ကြီးဆုံးဂိုးသွင်းသူအဖြစ် ဖော်ပြခံခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ အာရှအကောင်းဆုံးကစားသမားဆုကို ပထမဆုံးရတဲ့ ဂျပန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မူရာဟာ ဂျပန်အသင်းသမိုင်းမှာလည်း ၈၉ပွဲကစားကာ ၅၅ဂိုးသွင်းယူပြီး ဂိုးအများဆုံးသွင်းသူအဖြစ် ဒုတိယနေရာက အိုကာဇာကီ(၅၀ဂိုး)ကို ကျော်ကာ ရပ်တည်နေပါတယ်။
၁၉၉၂ခုနှစ်မှာ ဂျပန်အသင်းနဲ့အတူ အာရှဖလားရရှိခဲ့တဲ့ မူရာဟာ ဒီရာသီမှာတော့ ယိုကိုဟားမားအသင်းအတွက် ၁၈ရာသီမြောက်ပါဝင်ကစားသွားမှာဖြစ်ပါတယ်။
Ref: givemesport
Leave a Reply