
ကိုဗစ်ရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံးစစ်ဆေးခဲ့တဲ့ရလဒ်အရ ကစားသမားများနဲ့ ဝန်ထမ်းများအပါအဝင် ကိုဗစ်ကူးစက်သူ ၃၆ ယောက်အထိ ဖြစ်လာပါတယ်။
ဇန်နဝါရီ ၄ မှ ၁၀ ရက်အတွင်း အယောက် ၂၅၉၃ ယောက်စစ်ဆေးရာမှာ ကူးစက်မှုရာခိုင်နှုန်းက ၁.၃၉ ရာခိုင်နှုန်း အထိရှိခဲ့ပါတယ်။
အင်္ဂလန်လိဂ်အမြင့်ပိုင်းတွေကို နှစ်မကူးခင်ကတည်းက တစ်ပတ် ၂ ကြိမ်စစ်ဆေးနေပြီး ယခုရာသီမှာ ကူးစက်မှုအများဆုံးမှတ်တမ်းအဖြစ် အယောက် ၄၀ ဖြစ်ခဲ့ပြီး ကူးစက်နှုန်းကလည်း ၁.၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
အခုရလဒ်အရ ပရီးမီးယားလိဂ်၊ အင်္ဂလန်ဘောလုံးပွဲတွေက ကိုဗစ်ဗီဇသစ်တွေကို ကူးစက်မှုမပျံ့ပွားအောင် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
ကိုဗစ်ကြောင့် ပရီးမီးယားလိဂ် ၅ ပွဲလောက် ပွဲရွှေ့ပြောင်းခဲ့ရပြီး မကြာသေးခင်က အက်စတွန်ဗီလာနဲ့ စပါးတို့ ဇန်နဝါရီ ၁၃ မှာကစားရမယ့်ပွဲကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ FAဖလားပွဲစဥ်မှာလည်း အက်စတွန်ဗီလာအသင်းဟာ အသင်းကြီးလူစာရင်းမှာ ကူးစက်မှု များပြားခဲ့တာကြောင့် အသင်းငယ် U23 နဲ့ U18 တွေကို လီဗာပူးနဲ့ ကစားစေခဲ့တာဖြစ်ပါတယ်။
ကိုဗစ်ကူးစက်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းတွေမှာ မန်စီးတီး၊ ဖူလ်ဟမ်၊ နယူးကာဆယ်၊ ရှက်ဖီးယူနိုက်တက်၊ ဘန်လေ၊ ဗီလာတို့ဖြစ်ပြီး တနင်္လာနေ့က ချဲလ်ဆီးအသင်းကလည်း သူတို့ရဲ့ အကယ်ဒမီအသင်းကို ကူးစက်မှုကြောင့် ပိတ်ပင်ဖို့ ထုတ်ပြန်ထားပေမယ့် အသင်းကြီးတော့ ကူးစက်မှုမရှိသေးပါဘူး လို့သိရပါတယ်။
တနင်္ဂနွေနေ့က အင်္ဂလန်မှာ ကိုဗစ်ကြောင့် ဧပြီလကတည်းက အခုအချိန်အထိ အများဆုံး သေဆုံးသူ ၅၇၃ ဦးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုကူးစက်မှုတွေများပြားနေတာကြောင့် အစိုးရက ပိုပြီးတင်းကြပ်တဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ ကိုဗစ်စည်းကမ်းချက်တွေကို အသစ်ထုတ်ပြန်လိုက်ပါတယ်။
လိုက်နာရမယ့်စည်းကမ်းချက်များ
====================
အရံကစားသမားများ mask ၂ ထပ် တပ်ရမယ်။
ကစားသမားတွေ ပွေ့ဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းနဲ့ အင်္ကျီ လဲလှယ်တာတွေ မလုပ်ရပါဘူး။
အဝတ်လဲခန်းမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြားဆိုတာကို စစ်ဆေးရမယ်။
လေ့ကျင့်ရေးကွင်းနဲ့ စားသောက်ဆိုင်တန်းတွေမှာ သတ်မှတ်ထားတဲ့ လူအရေအတွက်သာရှိရမယ်။
ပရီးမီးယားလိဂ်ဆီကို ကလပ်ရဲ့ ခရီးစဥ်နဲ့ပတ်သက်တာတွေ တင်ပြရမယ်။
Ref: dailymail
Leave a Reply