ဒူးအရွတ်ဒဏ်ရာရခဲ့တာကြောင့် အင်တာ၊ အီတလီစူပါဖလားဗိုလ်လုပွဲတို့ကို လွဲချော်မယ့် ဒိုင်ဘားလား

ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘားလားဟာ ဒူးအရွတ်ဒဏ်ရာရခဲ့တာကြောင့် လာမယ့် စီးရီးအေပွဲစဥ် အင်တာမီလန်နဲ့ အီတလီစူပါဖလား နာပိုလီနဲ့ ဖိုင်နယ်ပွဲစဥ်ကိုလည်း လွဲချော်သွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ “ဒိုင်ဘားလားဟာ ဆေးအဖွဲ့နဲ့အတူ စစ်ဆေးမှုပြုလုပ်ထားပြီး ဒူးအရွတ်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ ပြန်လည်ကောင်းမွန်ဖို့ ခန့်မှန်းချေ ၁၅/၂၀ ရက်ခန့် ကြာမြင့်မှာဖြစ်ပါတယ်။”လို့ ထုတ်ပြန်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဂျူဗင်တို့ ဆက်ဆူအိုလိုကို (၃-၁)ဂိုးအနိုင်ရတဲ့ပွဲစဥ်မှာ ဒိုင်ဘားလားဟာ ဒူးဒဏ်ရာရသွားခဲ့ပြီး ပထမပိုင်းမှာ ခူလူဆက်စကီနဲ့ လူစားလဲခဲ့ရပါတယ်။

ဒိုင်ဘားလားဟာ ဒီရာသီမှာအသင်းအတွက် စီးရီးအေ ပွဲစဥ် ၁၁ အထိပါဝင်ကစားထားပေမယ့် အခုဒဏ်ရာကြောင့် အနားယူရတော့မှာဖြစ်ပါတယ်။ ပီယာလိုက “ဒိုင်ဘားလားက ဒူးအောက်နားမှာ ဒဏ်ရာရခဲ့တာပါ။”လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။

ဆက်ဆူအိုလိုနဲ့ပွဲစဥ်မှာပဲ ပထမအစောပိုင်းမှာ ဂျူဗင်ကွင်းလယ်ကစားသမား ကန်နီကလည်း ဒဏ်ရာရခဲ့ပါသေးတယ်။ ဂျူဗင်တပ်အသင်းဟာ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့်လည်း အေစီနဲ့ တွေ့ဆုံခဲ့တဲ့ပွဲစဥ်မှာ အနိုင်ရခဲ့တာကြောင့် အမှတ်ကွာဟမှု ကျဥ်းမြောင်းနိုင်ခဲ့ပြီး လာမယ့် ဂျီနိုအာနဲ့ပွဲမှာလည်း အနိုင်ကစားသွားဖို့ရှိနေပါတယ်။

ဂျူဗင်တပ်ဟာ အခုရက်ပိုင်း ပွဲကျပ်တွေများနေပြီး အင်တာမီလန်နဲ့ လိဂ်ပွဲကစားပြီးရင် အီတလီစူပါဖလား ဗိုလ်လုပွဲကိုလည်း နာပိုလီနဲ့ ကစားရမှာဖြစ်တာကြောင့် ဒိုင်ဘားလားမပါဝင်နိုင်တဲ့ ဂျူဗင်အတွက် အခက်အခဲ ရှိနေနိုင်ပါတယ်။

Ref: goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*