
နာပိုလီအသင်းဟာ အာဆင်နယ် ဘယ်နောက်ခံကစားသမား တီယာနေးကို နှစ်ရှည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်လို့ ဆိုလိုက်ပါတယ်။
ဒီရာသီမှာ တီယာနေးက အာဆင်နယ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေပြီး ဝက်စ်ဘရွန်းကို (၄-၀)ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဥ်မှာလည်း ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
၂၀၁၉ တုန်းက အာဆင်နယ်က နာပိုလီနဲ့အပြိုင် စကော့တလန်ကစားသမား တီယာနေးကို ခေါ်ယူခဲ့ကြရာမှာ အာဆင်နယ်က ဦးသွားခဲ့တာဖြစ်ပါတယ်။ Telegraph သတင်းအရ နာပိုလီက တီယာနေးကို လက်မလျှော့သေးဘဲ လာမယ့် အပြောင်းအရွှေ့မှာ ထပ်မံခေါ်ယူနိုင်ဖို့ မျော်လင့်နေတယ်လို့ သိရပါတယ်။
သတင်းအရ နာပိုလီဟာ ဘယ်နောက်ခံနေရာအတွက် တီယာနေးကို မခေါ်ခင် ကာလတို စာချုပ်နဲ့ကစားသမားတစ်ယောက် ခေါ်ယူသွားဖို့ရှိတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ တီယာနေးကို ၂၀၁၉ သြဂုတ်မှာ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ တီယာနေးဟာ ပုခုံးဒဏ်ရာကြောင့် ဒီရာသီအစပိုင်းမှာ လွဲချော်ခဲ့ပေမယ့် ပုံမှန်ကြံ့ခိုင်မှုကောင်းမွန်လာပြီး အခုအချိန်အထိ အသင်းမှာ ကစားပေးနေတာဖြစ်ပါတယ်။
တီယာနေးဟာ၂၀၂၀-၂၁ မှာ ပရီးမီးယားလိဂ် ၁၆ ပွဲကစားခဲ့ပြီး အာဆင်နယ်အသင်းရဲ့ အခုတလော တိုးတက်လာတဲ့ စွမ်းဆောင်ရည်မှာ သူက အခြားသူတွေထက် အဓိကဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်ဂန္ထဝင်ကစားသမား မာတင် ကီရွန်က တီယာနေးနဲ့ဟာ အနာဂတ်မှာ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်လာနိုင်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
Ref: dailymail
Leave a Reply