ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ပျက်ပယ်ပြီးနောက်ပိုင်း ဒီရာသီကသူ့အတွက် အခက်အခဲတွေရှိခဲ့တယ်လို့ ဆန်ချိုပြောကြား

ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့လွဲချော်ခဲ့တဲ့နောက်မှာ ဆန်ချိုက သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရလာပြီလို့ ပြောသွားပါတယ်။

ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့စျေးကွက်မှာ ယူနိုက်တက်အသင်းကို ရောက်လုနီးပါးဖြစ်ခဲ့ပြီး အဲ့ဒီကနေ အာရုံထွေပြားမှုတွေကြောင့် အသင်းမှာ ခြေစွမ်းကျဆင်းခဲ့ပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်း ကြောင့် ယူနိုက်တက်နဲ့ လွဲချော်ခဲ့ပြီး ပြောင်းအရွှေ့နောက်ပိုင်း ဒေါ့မွန်အသင်းအတွက် ၂၄ ပွဲကစားထားရာမှာ ၄ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းပွဲတွေမှာ ၃ ဂိုး သွင်းယူထားနိုင်ပါတယ်။

ဒေါ့မွန်အသင်းအတွက်လည်း တိုးတက်မှုတွေရှိလာခဲ့ပြီး ၃ ပွဲဆက် အနိုင်ရထားနိုင်ပါတယ်။ ဘွန်ဒက်စ်လီဂါ ဇယားထိပ်မှာရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း ၅ မှတ်သာ ကွာဟပါတော့တယ်။

ပြီးခဲ့တဲ့ စနေနေ့က လိုက်ဇပ်စ်ကို (၃-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူမှုပြုလုပ်ခဲ့ပြီး “ကျွန်တော့်အတွက် ဒီရာသီက အခက်အခဲရှိခဲ့တယ်ဆိုတာ သိတာပါတယ်”လို့ bundesliga.com ကို ဝန်ခံသွားခဲ့ပါတယ်။

“ကျွန်တော် ဂိုးပေါက်တွေနဲ့ ဝေးကွာခဲ့တယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ကစားပွဲတွေကို အာရုံစိုက်ပြီး နဂိုခြေစွမ်းအတိုင်း ပြန်ဖြစ်အောင် လုပ်ခဲ့ရပါတယ်။ ကျွန်တော် လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တယ်။ ကစားပွဲထဲမှာ ဖန်တီးမှုနဲ့ ဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့လို့ ကျွန်တော်ပျော်ရွှင်မိပါတယ်”လို့ ပြောသွားပါတယ်။

သူ့ရဲ့စွမ်းဆောင်မှုက နည်းပြသစ် ကလပ်အသင်းကို ရောက်လာတာနဲ့ အချိန်ကိုက်ဖြစ်ခဲ့ပြီး နည်းပြကလည်း ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*