စပါးရဲ့ ကစားပွဲအစီအစဉ်ထဲ အလီပြန်ရောက်လာပြီလို့ မော်ရင်ညို ပြောကြား

စပါးအသင်းရဲ့ အစီအစဉ်ထဲကို အလီ ပြန်‌ရောက်ရှိလာပြီလို့ ‌နည်းပြမော်ရင်ညိုက ပြောကြားလိုက်ပါတယ်။ ပြီးတော့ FA ဖလားပွဲစဉ် မာရင်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းလယ်ကစားသမား အလီရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ဗီလာနဲ့တွေ့ဆုံရမယ့်ပွဲမှာ ထည့်သွင်းသွားနိုင်ချေရှိတယ်လို့ ပြောသွားပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ အလီဟာ မနေ့က အပျော်တမ်းလိဂ်ကို (၅-၀) ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အထူးခြေစွမ်းပြခဲ့ပါတယ်။ စပါးအသင်းအတွက် ဟက်ထရစ် သွင်းယူပေးခဲ့တဲ့ ကားလို့စ်ဗင်းစီးယက် သွင်းယူခဲ့တဲ့ ဂိုးတွေမှာ တော်တောာ် များများ အရေးပါခဲ့ပါတယ်။

အလီဟာ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ပုံမှန်ပွဲခွင့်ရဖို့ ရုန်းကန်နေရပြီး ယခုအခါမှာတော့ ပြန်စဖို့ အခွင့်အရေးရခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးကစားသမား အလီဟာ စပါးကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေလုပ်‌နေပေမယ့် စပါးမှာပဲ ပြန်ပြီးကစားရမယ့် အခြေအနေရောက်နေပါတယ်။ လာမယ့် ဗီလာနဲ့ ပရီးမီးယားဇယားထိပ်တိုက်ပွဲထဲ ပြန်ပါဝင်ရကစားနိုင်ချေဖြစ်နေပါတယ်။

“သူပွဲထဲ ကစားပုံနဲ့ပတ်သက်ပြီး ကျွန်တော်ပျော်ရွှင်ပါတယ်။ ကျွန်တော် အရဲမစွန့်ချင်ပါဘူး။ ဒီပွဲက အန္တရာယ်ရှိပြီး ကစားသမားတွေကို ထိခိုက်နိုင်တာ ကြောင့်ပါ။”

“အက်စတွန်ဗီလာနဲ့ကစားရမယ့်ပွဲမှာ အလီပါလာမယ်ဆိုရင်တော့ ကျွန်တော့် အံ့ဩမိမှာမဟုတ်ပါဘူး” လို့ပြောသွားပါတယ်။

အလီဟာ ယခုရာသီ မော်ရင်ညိုလက်ထက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဆရာဟောင်း ပိုချက်တီနိုရှိတဲ့ psg ဆီကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေပါတယ်။

Ref : dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*