အသင်းပြောင်းခွင့်ပြုပြီး လစာကို ၂၀၂၃ခုနှစ်အထိ အရစ်ကျပေးချေဖို့ အာဆင်နယ်ကို အိုဇေးလ်ကမ်းလှမ်း

အာဆင်နယ်အသင်းကွင်းလယ်လူ အိုးဇေးလ်က ဒီဇန်နဝါရီမှာ အသင်းပြောင်းခွင့်ပြုပြီး လစာကို ၂၀၂၃ခုနှစ်အထိ အရစ်ကျပေးချေဖို့ အာ ဆင်နယ်အသင်းကိုကမ်းလှမ်းခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်ပေါင် ၃၅၀,၀၀၀ ရရှိနေတာဖြစ်ပြီး စာချုပ်သက်တမ်း ၆လကျန် ရှိနေပါသေးတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ၆လ စာအတွက် သူ့ကို ပေါင် ၈.၇၅သန်းပေးချေရဦးမှာဖြစ်ပါတယ်။

အိုဇေးလ်က အသင်းကနေ ထွက်ခွင့်ပြုပါက လက်ကျန်လစာကို တစ်ပတ်ပေါင် ၆၈,၀၀၀နဲ့ ၂၀၂၃ခုနှစ် နွေရာသီအထိ အရစ်ကျပေးချေဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာအာဆင်နယ်အသင်းအတွက် လက်ရှိကိုဗစ်ကာလမှာ လစာပေးချေမှုကို များစွာလျှော့ချနိုင်မှာဖြစ်ပြီး တစ်လပေါင် ၁.၂ သန်းချက်ချင်း သက်သာသွားမယ့် ကမ်းလှမ်းမှုလည်းဖြစ်ပါတယ်။

လက်ရှိမှာ အိုဇေးလ်ကို တူရကီကလပ် ဖီနာဘာချီအသင်းက ခေါ်ယူဖို့ကြိုးစားလျက်ရှိပြီး ၃နှစ်စာချုပ်ချုပ်ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်နေပါတယ်။

အာဆင်နယ်အသင်းဟာ အိုဇေးလ်ကို ၂၀၁၃ခုနှစ်က ရီးယဲလ်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပွဲပေါင်း၂၅၀ကျော်ကစားခဲ့ကာ ၄၄ဂိုး သွင်းယူပေးခဲ့ပါတယ်။

Ref: The Sun

Be the first to comment

Leave a Reply

Your email address will not be published.


*