ဂရန်နာဒါနဲ့ပွဲမှာ စီရော်နယ်လ်ဒိုရဲ့ကလပ် free-kick သွင်းဂိုးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မက်ဆီ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ မနေ့ညက ကစားခဲ့တဲ့ ဂရန်နာဒါ ၀-၄ ဘာစီလိုနာပွဲစဉ်မှာ အသင်းအတွက် free-kick ကနေ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုရဲ့ ကလပ်free-kickသွင်းဂိုးကို တစ်ဂိုးအသာနဲ့ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်ကစားသမား မက်ဆီဟာ ဒီပွဲမှာ free-kick တစ်ဂိုးအပါအဝင် ဘာစီလိုနာအသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ပွဲချိန်၄၂မိနစ်မှာ သူ့ကစားသမားဘဝတစ်လျှောက် ကလပ်အသင်းအတွက် ၄၈ဂိုးမြောက် free-kickသွင်းဂိုးကို ပက်ဒရီကြောင့် ရရှိတဲ့ပြစ်ဒဏ်ဘောကနေ လှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ကစားသမားဘဝမှာ စုစုပေါင်း free-kick သွင်းဂိုး ၅၄ဂိုးအထိရှိလာခဲ့ပြီး ၆ဂိုးကတော့ အာဂျင်တီးနားအသင်းအတွက်သွင်းယူပေးခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုကတော့ ကစားသမားဘဝမှာ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးယဲလ်မက်ဒရစ်တို့မှာ ပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်အထိ ကလပ် free-kick သွင်းဂိုး ၄၇ဂိုးသွင်းယူထားပါတယ်။

ဒါကြောင့် မက်ဆီက တစ်ဂိုးအသာရသွားတာဖြစ်ပြီး စီရော်နယ်လ်ဒိုအနေနဲ့ ဒီညကစားမယ့် ဆက်ဆူအိုလိုအသင်းနဲ့ပွဲစဉ်မှာ free-kick ကနေ သွင်းဂိုးရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

မက်ဆီဟာ ဂရန်နာဒါနဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီလာလီဂါသွင်းဂိုး ၁၁ဂိုးအထိ ရှိလာခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့လည်း လိဂ်အဝေးကွင်း ၄ပွဲဆက်အနိုင်ခဲ့တာဖြစ်ပါတယ်။

Ref:B/F football

Be the first to comment

Leave a Reply

Your email address will not be published.


*