
ဖရန့်လမ်းပတ်က ချဲလ်ဆီး ကစားသမားဘဝ စွမ်းဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုတွေက အရင်ချဲလ်ဆီးနည်းပြဟောင်းတွေထက် အချိန်ပိုပေးခံရလိမ့်မယ်လို့ မထင်မိဘူးလို့ ဆိုခဲ့ပါတယ်။
အခုတလော အသင်းရဲ့ဆိုးရွားတဲ့ ရလဒ်အဖြစ် ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတာကြောင့် ကလပ်က ရာသီဝက်လောက်မှာ နည်းပြသစ်ပြောင်းဖို့ ရှာဖွေနေနိုင်ပါတယ်။
လမ်းပတ်ဟာ ချဲလ်ဆီးမှာ အမြဲတမ်းအကောင်းဆုံး ကစားသမားတစ်ယောက်အပါအဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၂၀၁၉ နွေရာသီမှာ ချဲလ်ဆီးနည်းပြအဖြစ် သူ့ရဲ့နာမည်ဂုဏ်ကိုရင်းပြီး လက်ခံခဲ့တာလို့ ဝန်ခံသွားခဲ့ပါတယ်။
အသင်းပိုင်ရှင် ရိုမန် အီဘရာမိုဗစ်ဟာ သူ့ကို ဘယ်အချိန်မဆို နည်းပြအဖြစ်က ထုတ်ပစ်နိုင်ကြောင်း သိထားပြီး ကစားသမားဘဝ ၁၃ နှစ်တာ ကာလမှာလည်း ကြုံခဲ့ဖူးပါတယ်လို့ လမ်းပတ်က ပြောသွားပါတယ်။
လမ်းပတ်က “ကျွန်တော်အလုပ်ချင်ဆုံးက ဒီအလုပ်ကို အာရုံစိုက်ပြီး သေချာလုပ်ဖို့ပါပဲ။ ကျွန်တော် အားလုံးကို ထိန်းချုပ်လို့မရပါဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ အတိတ်က ရလဒ်တွေ အပေါ်အားထားလို့မရပါဘူး” လို့ပြောသွားပါတယ်။
“ကျွန်တော်အခုမြင်နေရတဲ့ အသင်းရဲ့အခြေအနေက ပြီးခဲ့တဲ့လတွေကတော့ အရမ်းကို ကောင်းမွန်နေပြီး အခုအချိန်ကျတော့ အလျင်အမြန် ဆိုးရွားကုန်ပါတယ်။ အပြင်မှာ ကျွန်တော်ထိန်းချုပ်လို့မရတဲ့ ဖြစ်ပျက်နေတဲ့အရာတွေအပေါ် အချိန်ဖြုန်းမနေဘဲ ရှေ့လျှောက် အကောင်းဆုံးအမြင်နဲ့ပဲ ဆက်သွားပါမယ်။” လို့ ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ယနေ့ည FA ဖလားပွဲစဉ်မှာ မိုကမ်ဘီနဲ့ တွေ့ဆုံကစားရမှာဖြစ်ပါတယ်။
Ref : goal.com
Leave a Reply